မိတ္ၿမိဳ႕သစ္ယာ၀ေက်ာင္းထိုင္ဆရာေတာ္႐ုပ္အေလာင္းကို ျပန္လည္ေဖာ္ယူစစ္ေဆး

[Unicode]
မြိတ်မြို့နယ် သစ်ယာဝကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူတာဟာ သွေးရိုးသားရိုး ဖြစ်စဉ် မဟုတ်ဘဲ သံသယဖြစ်ပွားဖွယ် တွေ့ရှိတဲ့အတွက် ရုပ်အလောင်းကို ပြန်လည်ဖော်ယူ စစ်ဆေးနေတယ်လို့ မြို့မရဲစခန်းမှူးက ပြောပါတယ်။
နိုဝင်ဘာ ၁၃ ရက်က ပျံလွန်တော်မူခဲ့တဲ့ သစ်ယာဝကျောင်းထိုင်ဆရာတော်ရဲ့ ဖြစ်စဉ်ကို ဒကာ/ဒကာမတွေက သံသယဖြစ်နေတဲ့အတွက် မြိတ်မြို့မရဲစခန်းသို့လာရောက်ပြီး ဒီဇင်ဘာ ၃ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့တာကြောင့် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ မြို့နယ်ရဲမှူး ဦးဆောင်တဲ့အဖွဲ့က သစ်ယာဝကျေးရွာမှာဂူသွင်းထားတဲ့ ဆရာတော်ရုပ်အလောင်းကို ပြန်လည် ဖော်ယူစစ်ဆေးနေပါ
မြို့မရဲစခန်းမှူး ဒုရဲမှူးချိုလွင်က “ဒကာ၊ ဒကာမတွေက ဆရာတော်ပျံလွန်တော်မူတဲ့ဖြစ် စဉ်အပေါ်မှာ သံသယဖြစ်နေတယ်။ ကျနော်တို့ လက်ရှိအနေထားမှာ အပြင်ပန်း စစ်ဆေးချက် အရ သေစေနိုင်လောက်တဲ့ ဒဏ်ရာတွေ မတွေ့ရဘူး။ အတွင်းကလီစာစစ်ဆေးချက်ကိုတော့ သက်ဆိုင်ရာဆရာဝန်တွေ ဆက်လက် စစ်ဆေးနေတယ်။ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး အတည်မပြုနိုင်သေးဘူး။ ကျေးရွာသားတွေကို ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းတာတွေတော့ လုပ်ထားတယ်”လို့ ပြောပါတယ်။

သစ်ယာဝဆရာတော် ဘဒ္ဒန္တဇဝန သက်တော် ၆၂ နှစ် ဝါတော် ၄၂ နှစ် (တနင်္သာရီတိုင်း သံဃနယကအဖွဲ့ မူလဒွါရ အတွင်းရေးမှူး)မှာ မြိတ်မြို့ တရုတ်တန်းရပ်ကွက်၊ ဓမ္မရက္ခိတ ကျောင်းမှာ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားစဉ်က သံသယဖြစ်ဖွယ်တွေ ရှိခဲ့တယ်လို့ ဒကာ၊ ဒကာမတွေက ဆိုပါတယ်။

သစ်ယာဝကျေးရွာနေ ဦးထွန်းထွန်းက “ဆရာတော်က နိုဝင်ဘာ ၃ ရက်နေ့မှာ မြိတ်မြို့ကို ကြွသွားတယ်။ ရွာမှာရှိတဲ့ စေတီတော်အတွက် တံခွန်တိုင်၊ မုဒ်ပေါက်နဲ့ ဇရပ်တည်ဆောက်ဖို့အတွက် ဆောက်လုပ်ရေး ပစ္စည်းတွေ သွားဝယ်တယ်။ အလုပ်သမားတွေ သွားရောက်ငှားရမ်းတာပါ။ ရွာကနေအဲဒီအတွက် အလှူငွေသိန်း ၆၀ ကို ဆရာတော်နဲ့အတူ ထည့်ပေးလိုက်တယ်။


ယခုနိုဝင်ဘာ ၁၃ ရက်နေ့ မှာတော့ ဆရာတော်ပျံလွန်တော်မူတယ်ဆိုပြီး သတင်းကြားလို့ လိုက်သွားတာ ကျနော်တို့ သံသယတွေ ဖြစ်ခဲ့တယ်။ ဆရာတော်ရဲ့ ဝမ်းဗိုက်၊ ရင်ဘတ်မှာ အရေလှန်နေတာ၊ ညိုမဲနေတာ တွေ့ရတယ်။ နားထင်မှာ အပေါက်လေးတစ်ပေါက်တွေ့တယ်။ ဒကာ/ဒကာမ တွေက ဆရာတော် ရုပ်အလောင်းကို ရွာကိုပြန်သယ်မယ်ဆိုပြီး ဆန္ဒတွေစောနေတာကြောင့် ရွာမှာ ၉ ရက်တိတိ ဈာပနအခမ်းအနားလုပ်ခဲ့တယ်။ ရွာက ဒကာ/ဒကာမတွေလည်း သံသယအများကြီးဖြစ်နေတာကြောင့်ရဲစခန်းမှာ တိုင်ချက်ဖွင့်ပြီး ရုပ်အလောင်းကို ပြန်စစ်ဆေးစေတာ” လို့ ပြောပါတယ်။
အခင်းဖြစ်ပွားတဲ့အချိန်မှာ ဆရာတော်ထံမှာရှိတဲ့ ငွေသိန်း ၆၀ လည်းပျောက်ဆုံးနေခဲ့သလို ကိုယ်နဲ့မကွာ ထိန်းသိမ်းထားတဲ့သော့တွဲမှာလည်း ပျောက်ဆုံးနေခဲ့ပြီး ဆရာတော်ကို သင်္ကန်း မရှိတဲ့ အနေထားနဲ့ပျံလွန်တော်မူနေခဲ့တာလို့ ဒကာ၊ ဒကာမတွေက ပြောပါတယ်။

ရင်ခွဲစစ်ဆေးချက်ရလဒ်တွေကို ဒီဇင်ဘာ ၁၇ ရက်အထိ မသိရှိရသေးသလို သစ်ယာဝကျေးရွာမှ ဒကာ၊ ဒကာမ တွေကလည်း အမှုမှန်ပေါ်ပေါက်ရေး မျှော်လင့်နေပါတယ်။

[Zawgyi]
ၿမိတ္ၿမိဳ႕နယ္ သစ္ယာဝေက်ာင္းထိုင္ဆရာေတာ္ ပ်ံလြန္ေတာ္မူတာဟာ ေသြးရိုးသားရိုး ျဖစ္စဥ္ မဟုတ္ဘဲ သံသယျဖစ္ပြားဖြယ္ ေတြ႕ရွိတဲ့အတြက္ ႐ုပ္အေလာင္းကို ျပန္လည္ေဖာ္ယူ စစ္ေဆးေနတယ္လို႔ ၿမိဳ႕မရဲစခန္းမႉးက ေျပာပါတယ္။
နိုဝင္ဘာ ၁၃ ရက္က ပ်ံလြန္ေတာ္မူခဲ့တဲ့ သစ္ယာဝေက်ာင္းထိုင္ဆရာေတာ္ရဲ႕ ျဖစ္စဥ္ကို ဒကာ/ဒကာမေတြက သံသယျဖစ္ေနတဲ့အတြက္ ၿမိတ္ၿမိဳ႕မရဲစခန္းသို႔လာေရာက္ၿပီး ဒီဇင္ဘာ ၃ ရက္ေန႕က အမႈဖြင့္တိုင္ၾကားခဲ့တာေၾကာင့္ ဒီဇင္ဘာ ၁၆ ရက္ေန႕မွာ ၿမိဳ႕နယ္ရဲမႉး ဦးေဆာင္တဲ့အဖြဲ႕က သစ္ယာဝေက်း႐ြာမွာဂူသြင္းထားတဲ့ ဆရာေတာ္႐ုပ္အေလာင္းကို ျပန္လည္ ေဖာ္ယူစစ္ေဆးေနပါ
ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးခ်ိဳလြင္က “ဒကာ၊ ဒကာမေတြက ဆရာေတာ္ပ်ံလြန္ေတာ္မူတဲ့ျဖစ္ စဥ္အေပၚမွာ သံသယျဖစ္ေနတယ္။ က်ေနာ္တို႔ လက္ရွိအေနထားမွာ အျပင္ပန္း စစ္ေဆးခ်က္ အရ ေသေစနိုင္ေလာက္တဲ့ ဒဏ္ရာေတြ မေတြ႕ရဘူး။ အတြင္းကလီစာစစ္ေဆးခ်က္ကိုေတာ့ သက္ဆိုင္ရာဆရာဝန္ေတြ ဆက္လက္ စစ္ေဆးေနတယ္။ ေတြ႕ရွိခ်က္ေတြနဲ႕ ပတ္သက္ၿပီး အတည္မျပဳနိုင္ေသးဘူး။ ေက်း႐ြာသားေတြကို ျဖစ္စဥ္နဲ႕ပတ္သက္ၿပီး စစ္ေဆးေမးျမန္းတာေတြေတာ့ လုပ္ထားတယ္”လို႔ ေျပာပါတယ္။

သစ္ယာဝဆရာေတာ္ ဘဒၵႏၲဇဝန သက္ေတာ္ ၆၂ ႏွစ္ ဝါေတာ္ ၄၂ ႏွစ္ (တနသၤာရီတိုင္း သံဃနယကအဖြဲ႕ မူလဒြါရ အတြင္းေရးမႉး)မွာ ၿမိတ္ၿမိဳ႕ တ႐ုတ္တန္းရပ္ကြက္၊ ဓမၼရကၡိတ ေက်ာင္းမွာ ပ်ံလြန္ေတာ္မူခဲ့တာျဖစ္ၿပီး အခင္းျဖစ္ပြားစဥ္က သံသယျဖစ္ဖြယ္ေတြ ရွိခဲ့တယ္လို႔ ဒကာ၊ ဒကာမေတြက ဆိုပါတယ္။

သစ္ယာဝေက်း႐ြာေန ဦးထြန္းထြန္းက “ဆရာေတာ္က နိုဝင္ဘာ ၃ ရက္ေန႕မွာ ၿမိတ္ၿမိဳ႕ကို ႂကြသြားတယ္။ ႐ြာမွာရွိတဲ့ ေစတီေတာ္အတြက္ တံခြန္တိုင္၊ မုဒ္ေပါက္နဲ႕ ဇရပ္တည္ေဆာက္ဖို႔အတြက္ ေဆာက္လုပ္ေရး ပစၥည္းေတြ သြားဝယ္တယ္။ အလုပ္သမားေတြ သြားေရာက္ငွားရမ္းတာပါ။ ႐ြာကေနအဲဒီအတြက္ အလႉေငြသိန္း ၆၀ ကို ဆရာေတာ္နဲ႕အတူ ထည့္ေပးလိုက္တယ္။
ယခုနိုဝင္ဘာ ၁၃ ရက္ေန႕ မွာေတာ့ ဆရာေတာ္ပ်ံလြန္ေတာ္မူတယ္ဆိုၿပီး သတင္းၾကားလို႔ လိုက္သြားတာ က်ေနာ္တို႔ သံသယေတြ ျဖစ္ခဲ့တယ္။ ဆရာေတာ္ရဲ႕ ဝမ္းဗိုက္၊ ရင္ဘတ္မွာ အေရလွန္ေနတာ၊ ညိုမဲေနတာ ေတြ႕ရတယ္။ နားထင္မွာ အေပါက္ေလးတစ္ေပါက္ေတြ႕တယ္။ ဒကာ/ဒကာမ ေတြက ဆရာေတာ္ ႐ုပ္အေလာင္းကို ႐ြာကိုျပန္သယ္မယ္ဆိုၿပီး ဆႏၵေတြေစာေနတာေၾကာင့္ ႐ြာမွာ ၉ ရက္တိတိ ဈာပနအခမ္းအနားလုပ္ခဲ့တယ္။ ႐ြာက ဒကာ/ဒကာမေတြလည္း သံသယအမ်ားႀကီးျဖစ္ေနတာေၾကာင့္ရဲစခန္းမွာ တိုင္ခ်က္ဖြင့္ၿပီး ႐ုပ္အေလာင္းကို ျပန္စစ္ေဆးေစတာ” လို႔ ေျပာပါတယ္။
အခင္းျဖစ္ပြားတဲ့အခ်ိန္မွာ ဆရာေတာ္ထံမွာရွိတဲ့ ေငြသိန္း ၆၀ လည္းေပ်ာက္ဆုံးေနခဲ့သလို ကိုယ္နဲ႕မကြာ ထိန္းသိမ္းထားတဲ့ေသာ့တြဲမွာလည္း ေပ်ာက္ဆုံးေနခဲ့ၿပီး ဆရာေတာ္ကို သကၤန္း မရွိတဲ့ အေနထားနဲ႕ပ်ံလြန္ေတာ္မူေနခဲ့တာလို႔ ဒကာ၊ ဒကာမေတြက ေျပာပါတယ္။

ရင္ခြဲစစ္ေဆးခ်က္ရလဒ္ေတြကို ဒီဇင္ဘာ ၁၇ ရက္အထိ မသိရွိရေသးသလို သစ္ယာဝေက်း႐ြာမွ ဒကာ၊ ဒကာမ ေတြကလည္း အမႈမွန္ေပၚေပါက္ေရးေမွ်ာ္လင့္ေနပါတယ္။