၆ ဘီးကားႏွင့္ ဆိုင္ကယ္ မ်က္ႏွာခ်င္း ဆိုင္ဝင္တိုက္၊ မိသားစု ၃ ဦး ေသဆံုး

[Zawgyi]
စစ္ကိုင္းတိုင္းေဒသႀကီး၊ ဘုတလင္ၿမိဳ႕နယ္ ပဲျပစ္ေတာအေနာက္ရြာရိွ မံုရြာ-ေရဦး ကားလမ္းေပၚ မွာ ဒီဇင္ဘာ ၂၀ ရက္ေန႔ ညေနပိုင္းက ၆ ဘီးကားနဲ႔တုိက္မိတဲ့အတြက္ ဆိုင္ကယ္ ေပၚ ပါလာတဲ့ မိသားစု သံုးဦး ေနရာမွာ ေသဆံုး သြားပါတယ္။

ျဖစ္စဥ္မွာ မံုရြာ-ေရဦးလမ္းေပၚ ေတာင္ဘက္ကေန ေျမာက္ဘက္ ေမာင္းႏွင္ လာတဲ႔ ၆ ဘီးယာဥ္ ဟီးႏိုးကား နဲ႔ ေျမာက္ဘက္ကေန ေတာင္ဘက္ကို ေမာင္းႏွင္လာတဲ့ ဆိုင္ကယ္ တို႔ မ်က္ႏွာခ်င္းဆိုင္ ဝင္တိုက္မိၾကတာပါ။

ေသဆံုး သြားသူေတြဟာ ဘုတလင္ၿမိဳ႕နယ္ မင္းတဲေက်းရြာမွာ ေနထိုင္ၾကတဲ့ ကိုေဇာ္မိုးသူ၊ ဇနီးသည္ မျမင့္ျမင့္မိုးနဲ႔ အသက္ ၅ ႏွစ္အရြယ္ သမီးျဖစ္သူ မေအးေအးမိုး တို႔ ျဖစ္တယ္လို႔ သိရပါတယ္။

“အရိွန္မထိန္းႏိုင္ဘဲ ဝင္တိုက္တာ၊ လမ္းအလယ္ မ်က္ႏွာခ်င္းဆိုင္ ဆိုေတာ့ ေသသြားတဲ့ ဆိုင္ကယ္ ေမာင္းႏွင္သူေရာ ကားေမာင္းႏွင္တဲ့သူကိုပါ ႏွစ္ဖက္စလံုးကို အမႈဖြင့္ ထားတာပါ” လို႔ ဘုတလင္ၿမိဳ႕မရဲစခန္းက တာဝန္ရိွသူတဦးက ေျပာပါတယ္။

အခုလို ယာဥ္မ်က္ႏွာခ်င္းဆိုင္တိုက္မိလို႔ လူ ေသဆံုး ရတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ၆ ဘီး ယာဥ္ေမာင္း ဦးဝင္းေဇာ္နဲ႔ ဆိုင္ကယ္ေမာင္းႏွင္ၿပီး ေသဆံုးတဲ့ ကိုေဇာ္မိုးသူ ကို ဘုတလင္ၿမိဳ႕ရဲစခန္းက ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄ (က) နဲ႔ အမႈဖြင့္ အေရးယူထားတယ္လို႔ သိရပါတယ္။

[Unicode]
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် ပဲပြစ်တောအနောက်ရွာရှိ မုံရွာ-ရေဦး ကားလမ်းပေါ် မှာ ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းက ၆ ဘီးကားနဲ့တိုက်မိတဲ့အတွက် ဆိုင်ကယ် ပေါ် ပါလာတဲ့ မိသားစု သုံးဦး နေရာမှာ သေဆုံး သွားပါတယ်။

ဖြစ်စဉ်မှာ မုံရွာ-ရေဦးလမ်းပေါ် တောင်ဘက်ကနေ မြောက်ဘက် မောင်းနှင် လာတဲ့ ၆ ဘီးယာဉ် ဟီးနိုးကား နဲ့ မြောက်ဘက်ကနေ တောင်ဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ် တို့ မျက်နှာချင်းဆိုင် ဝင်တိုက်မိကြတာပါ။

သေဆုံး သွားသူတွေဟာ ဘုတလင်မြို့နယ် မင်းတဲကျေးရွာမှာ နေထိုင်ကြတဲ့ ကိုဇော်မိုးသူ၊ ဇနီးသည် မမြင့်မြင့်မိုးနဲ့ အသက် ၅ နှစ်အရွယ် သမီးဖြစ်သူ မအေးအေးမိုး တို့ ဖြစ်တယ်လို့ သိရပါတယ်။

“အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်တာ၊ လမ်းအလယ် မျက်နှာချင်းဆိုင် ဆိုတော့ သေသွားတဲ့ ဆိုင်ကယ် မောင်းနှင်သူရော ကားမောင်းနှင်တဲ့သူကိုပါ နှစ်ဖက်စလုံးကို အမှုဖွင့် ထားတာပါ” လို့ ဘုတလင်မြို့မရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုလို ယာဉ်မျက်နှာချင်းဆိုင်တိုက်မိလို့ လူ သေဆုံး ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ၆ ဘီး ယာဉ်မောင်း ဦးဝင်းဇော်နဲ့ ဆိုင်ကယ်မောင်းနှင်ပြီး သေဆုံးတဲ့ ကိုဇော်မိုးသူ ကို ဘုတလင်မြို့ရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။