သတင္းေထာက္တဦးကုိ လူေမွာင္ခုိမွဳနဲ႔ ဖမ္းဆီးထား

[Unicode]
အစိုးရပိုင်ကြေးမုံသတင်းစာက သတင်းထောက်မှတ်ပုံတင်ကဒ်ပြားကိုင်ဆောင်ထားသူတဦးကို ရခိုင်ပြည်နယ်က မွတ်ဆလင်တွေ ပြည်မြို့ဖက်ခိုးသွင်းရန်ကြိုးစားမှုအတွက် မနေ့က ဖမ်းဆီးလိုက်ပါတယ်။

ကျောက်ဖြူမြို့မှာနေထိုင်တဲ့ အဲဒီ သတင်းထောက် စောမိုးကျော်ဆိုသူဟာ ကျောက်တလုံးဒုက္ခသည်စခန်းက မွတ်ဆလင် ၆ ဦးကို တိုယိုတာ မတ်တူးဆီဒင်ကားနဲ့ ပြည်မြို့ဖက်ခေါ်ယူလာခဲ့ကြောင်း နဲ့ ပန်းတောင်းမြို့နယ် ညောင်ကျိုး စစ်ဆေးရေးဂိတ်အရောက် မနေ့နေ့လည်က တားဆီးခဲ့ရာမှာ ကားမောင်း ထွက်ပြေးသွားတဲ့အတွက် လုံခြုံရေးအဖွဲ့တွေက လိုက်လံ ဖမ်းဆီးမိခဲ့ကြောင်း သိရပါတယ်။

ကြေးမုံသတင်းစာရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာတော့ ဒီအမှုနဲ့ ပတ်သက်လို့ တစုံတရာပြောကြားခြင်းမရှိပဲ ဦးစောမိုးကျော်ကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လကစပြီး သတင်းထောက်အဖြစ်က ရပ်ဆိုင်းခဲ့ကြောင်း မနေ့ညနေပိုင်းက ဖေါ်ပြထားပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက အမည်မဖေါ်လိုတဲ့ အရာရှိတဦးကတော့ အခုလို ဖမ်းဆီးမှုသတင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ထံ မနေ့ကပဲ တင်ပြခဲ့ကြတယ်လို့ RFA ကို ပြောပါတယ်။

[Zawgyi]
အစိုးရပိုင္ေၾကးမုံသတင္းစာက သတင္းေထာက္မွတ္ပုံတင္ကဒ္ျပားကိုင္ေဆာင္ထားသူတဦးကို ရခိုင္ျပည္နယ္က မြတ္ဆလင္ေတြ ျပည္ၿမိဳ႕ဖက္ခိုးသြင္းရန္ႀကိဳးစားမႈအတြက္ မေန႕က ဖမ္းဆီးလိုက္ပါတယ္။


ေက်ာက္ျဖဴၿမိဳ႕မွာေနထိုင္တဲ့ အဲဒီ သတင္းေထာက္ ေစာမိုးေက်ာ္ဆိုသူဟာ ေက်ာက္တလုံးဒုကၡသည္စခန္းက မြတ္ဆလင္ ၆ ဦးကို တိုယိုတာ မတ္တူးဆီဒင္ကားနဲ႕ ျပည္ၿမိဳ႕ဖက္ေခၚယူလာခဲ့ေၾကာင္း နဲ႕ ပန္းေတာင္းၿမိဳ႕နယ္ ေညာင္က်ိဳး စစ္ေဆးေရးဂိတ္အေရာက္ မေန႕ေန႕လည္က တားဆီးခဲ့ရာမွာ ကားေမာင္း ထြက္ေျပးသြားတဲ့အတြက္ လုံၿခဳံေရးအဖြဲ႕ေတြက လိုက္လံ ဖမ္းဆီးမိခဲ့ေၾကာင္း သိရပါတယ္။

ေၾကးမုံသတင္းစာရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာေတာ့ ဒီအမႈနဲ႕ ပတ္သက္လို႔ တစုံတရာေျပာၾကားျခင္းမရွိပဲ ဦးေစာမိုးေက်ာ္ကို ၂ဝ၁၇ ခုႏွစ္ ဇူလိုင္လကစၿပီး သတင္းေထာက္အျဖစ္က ရပ္ဆိုင္းခဲ့ေၾကာင္း မေန႕ညေနပိုင္းက ေဖၚျပထားပါတယ္။ ျပန္ၾကားေရးဝန္ႀကီးဌာနက အမည္မေဖၚလိုတဲ့ အရာရွိတဦးကေတာ့ အခုလို ဖမ္းဆီးမႈသတင္းကို သက္ဆိုင္ရာတာဝန္ရွိသူေတြက ျပန္ၾကားေရးဝန္ႀကီး ေဒါက္တာေဖျမင့္ ထံ မေန႕ကပဲ တင္ျပခဲ့ၾကတယ္လို႔ RFA ကိုေျပာပါတယ္။