
နိုင်ငံကစစ်ဖြစ်နိုင်သည့်

အနေအထားအမြင့်ဆုံးအခြေအနေ

ရောက်နေတယ်

လူငယ်လူလတ်တွေက

စိတ်မဝင်စားကြဘူး

သတင်းနားမစွင့်ကြဘူး

ဖာသိဖာသာမဆိုင်သလိုနေကြတယ်

ဘောလုံးပွဲလောင်းလို့ကောင်းတုံး

နှစ်လုံးသုံးလုံးထိုးလို့ကောင်းတုံး

ဆေးပြားချလို့ကောင်းတုံး

ဘိန်းရူလို့ကောင်းတုံး

ရေခဲချလို့ကောင်းတုံး

ဘီယာသောက်ပြီးဇိမ်ခတ်ကောင်းတုံး

ဂိမ်းဆော့လို့ကောင်းတုံး

ဖုံးပွတ်လို့ကောင်းတုံး

ဘုန်းကြီးတွေကိုစော်ကားလို့ကောင်းတုံး

ပါတီတွေချင်းပုတ်ခတ်လို့ကောင်းတုံး

တိုင်းရင်းသားအချင်းချင်းရန်ဖြစ်လို့

ကောင်းတုံး

ဘင်္ဂလားဒေ့ရှ်က

UNနဲ့ပေါင်းEUနဲ့ပေါင်း

OICအထောက်အပံ့တွေယူပြီး

နည်းမျိုးစုံနဲ့နယ်မြေသိမ်းဘို့

ကြိုးစားနေတယ်

အမှန်တရားကိုမျက်ကွယ်ပြုပြီး

အများနဲ့အနိုင်ကျင့်ဘို့လုပ်နေကြပြီ

ခြိမ်းခြောက်မူအမျိုးမျိုးနဲ့လည်း

သွေးတိုးစမ်းနေကြပြီ

စက္ကန့်ပိုင်းမိနစ်ပိုင်းနာရီပိုင်းအတွင်းမှာ

စစ်ပွဲစတင်နိုင်တယ်ဆိုတာ

ပြည်သူအများမသိဘူးဖြစ်နေတယ်

အချိန်မရွေးသင်၏ခေါင်းပေါ်မှာ

အမြှောက်ဆံတွေ၊ဒုံးပျံတွေ၊ဗုံးတွေ

ကျည်ဆံတွေပလူပျံကျရောက်နိုင်တယ်

ဆိုတာလည်းမစဉ်းစားမိဘူးနဲ့တူတယ်

သင်အသေခံမလား ?

ပြန်ချဘို့လုပ်မလား ?

Boe Boe Aung