နိုင္ငံေတာ္ ကာကြယ္ေရးအတြက္ လိုအပ္လာလွ်င္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ အဆိုျပဳသည့္အခါ ခ်က္ခ်င္း အသက္ ဝင္ လာမည့္ ျပည္သူ႕စ စ္မႈထမ္းဥပေဒ

[Zawgyi]
တာဝန္ထမ္းေဆာင္ရမည့္သူမ်ား အသက္ ၁၈ ႏွစ္မွ ၃၅ ႏွစ္ ထိ အမ်ိဳးသား အားလုံး ။ အသက္ ၁၈ ႏွစ္မွ ၂၇ ႏွစ္ထိ အမ်ိဳးသမီးမ်ား အားလုံး ။ ကြၽမ္းက်င္ပညာရွင္ ျဖစ္လ်င္…. အသက္ ၁၈ ႏွစ္မွ ၄၅ ထိ အမ်ိဳးသား အားလုံး ။ အသက္ ၁၈ ႏွစ္မွ ၃၅ ႏွစ္ထိအမ်ိဳးသမီးမ်ား အားလုံး။ ကင္းလြတ္ခြင့္ရသူမ်ား သာသနာ့ ဝန္ထမ္းမ်ား ( မည္သည့္ ဘာသာမဆို ) အိမ္ေထာင္သည္ အမ်ိဳးသမီးမ်ား။ သားသမီး ရွိေသာ အိမ္ေထာင္ပ်က္ အမ်ိဳးသမီးမ်ား။ ေဆးစစ္ေဆးခ်က္အရ စစ္မႈထမ္းရန္ မသင့္ေလ်ာ္သူ ။ စစ္မႈထမ္းဆင့္ေခၚေရး ဗဟို အဖြဲ႕က သီးျခားအမိန႔္ထုတ္ျပန္ ကင္းလြတ္ခြင့္ျပဳသူမ်ား။ ယာယီ ကင္းလြတ္ခြင့္ရသူမ်ားယာယီ ေဆးအဆင့္နိမ့္ေနသူမ်ား။ နိုင္ငံ့ဝန္ထမ္းမ်ား ။ ပညာသင္ၾကားေနသူမ်ား။ အျခား ျပဳစုေစာင့္ေရွာက္မည့္သူမရွိသည့္ မိအိုဖအိုတို႔ကို ျပဳစုလုပ္ေကြၽးေနသူမ်ား။ မူးယစ္ေဆးျဖတ္ ကုသမႈခံယူေနသူမ်ား ႏွင့္ ေထာင္ဒဏ္က်ခံေနရသူမ်ား။ (ယာယီ ကင္းလြတ္ခြင့္ျပဳထားခ်ိန္တြင္. အသက္ကန႔္သတ္ခ်က္ ေက်ာ္လြန္သြားလွ်င္ကင္းလြတ္ခြင့္မျပဳပါ။ မျဖစ္မေန တာဝန္ ထမ္းေဆာင္ရမည္ )

စစ္မႈထမ္းကာလ သာမန္ လူမ်ား အတြက္ ၂ ႏွစ္ျဖစ္ၿပီး ပညာသည္မ်ား အတြက္ ၃ ႏွစ္ျဖစ္သည္။ (အေရးေပၚ အေျခအေနမ်ားတြင္ မည္သူ႕ကို မဆို စစ္မႈထမ္းကာလ ၅ ႏွစ္အထိ သက္တမ္း တိုးျမႇင့္နိူင္သည္) အရန္တပ္ဖြဲ႕ ဥပေဒပုဒ္မ ၂ အရတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ စစ္မႈထမ္းေဟာင္းမ်ားအားလုံးကို စစ္မႈထမ္းေဆာင္ရန္ ျပန္လည္ဆင့္ေခၚနိူင္ပါသည္။

ထိုသို႔ဆင့္ေခၚခံရေသာ စစ္မႈထမ္းေဟာင္းမ်ား သည္ တပ္မေတာ္တြင္ ေနာက္ဆုံးတာဝန္ထမ္းေဆာင္ခဲ့ေသာရာထူးႏွင့္စစ္ဝတ္စုံတို႔ကို သုံးစြဲခြင့္ျပဳသည္။ စစ္မႈထမ္းေဆာင္ရသူမ်ား အားလုံးသည္ ၁၉၅၉ ခုႏွစ္ တပ္မေတာ္အက္ဥပေဒကို လိုက္နာရမည္။ စစ္မႈထမ္းကာလအတြင္း ျပစ္မႈတစ္စုံတစ္ရာ က်ဴးလြန္လွ်င္ စစ္တရား႐ုံး မွ ျဖစ္ေစ နယ္ဘက္ တရား႐ုံး မွ ျဖစ္ေစ ခ်မွတ္ေသာ ျပစ္ဒဏ္ကာလကို စစ္မႈထမ္းကာလအတြင္း ထည့္သြင္းစဥ္းစားျခင္းမျပဳပဲသတ္မွတ္ကာလျပည့္သည္အထိ စစ္မႈထမ္းေဆာင္ရမည္။ စစ္မႈထမ္းကာလအတြင္း အဆင့္လိုက္ လစာႏွင့္စရိတ္မ်ား ခံစားခြင့္ရရွိပါမည္။

တာဝန္ထမ္းေဆာင္စဥ္ က်ဆဳံးခဲ့ပါက တပ္မေတာ္မွသတ္မွတ္ထားသည့္အတိုင္း ခံစားခြင့္မ်ားရရွိပါမည္။ စစ္မႈထမ္းဆင့္ေခၚစာကိုသက္ဆိုင္ရာပုဂၢိဳလ္ထံ တိုက္ရိုက္ေပးအပ္မည္ျဖစ္ၿပီး မေတြ႕ရွိခဲ့လွ်င္ မိသားစုဝင္တစ္ဦးဦးအား သက္ေသတစ္ဦးေရွ႕တြင္ ေပးအပ္ပါလိမ့္မည္။ ထိုသို႔ေပးအပ္ျခင္းသည္ ဥပေဒအရ သက္ဆိုင္ရာပုဂၢိဳလ္လက္ထဲသို႔ ေပးအပ္ခဲ့ၿပီးျဖစ္သည္ဟု မွတ္ယူပါလိမ့္မည္။

ျပည္သူ႕စစ္မႈထမ္းဥပေဒ ပုဒ္မ ၂၃ အရ မွတ္ပုံတင္ဖို႔ဆင့္ေခၚခ်ိန္၌ ပ်က္ကြက္လွ်င္ ေဆးစစ္ဖို႔ဆင့္ေခၚခ်ိန္၌ ပ်က္ကြက္လွ်င္ စစ္မႈထမ္းဖို႔ဆင့္ေခၚခ်ိန္၌ ပ်က္ကြက္လွ်င္ မွတ္ပုံတင္ခ်ိန္၌ အေၾကာင္းအရာတစ္ခုခုကို လိမ္လည္ေရးသား ေဖာ္ျပလွ်င္ ေထာင္ဒဏ္ ၃ႏွစ္ က်ခံရပါမည္။ -ျပည္သူ႕စစ္မႈထမ္းဥပေဒ ပုဒ္မ ၂၄ အရ…… စစ္မႈထမ္းျခင္းမွ ေရွာင္လြဲရန္အတြက္ ေရာဂါရွိဟန္ေဆာင္ျခင္း၊ တမင္ ေရာဂါရေအာင္လုပ္ျခင္း၊ ေရာဂါကို မေပ်ာက္ေအာင္ ပိုဆိုးလာေအာင္လုပ္ျခင္း၊ အနာတရ ျဖစ္ေအာင္လုပ္ျခင္းတို႔အတြက္က်ဴးလြန္သူအား ေထာင္ဒဏ္ ငါးႏွစ္၊ အားေပးကူညီသူအား အရပ္သားျဖစ္လွ်င္ ေထာင္ဒဏ္တစ္ႏွစ္၊ ဝန္ထမ္းျဖစ္လွ်င္ ေထာင္ဒဏ္သုံးႏွစ္ က်ခံရပါလိမ့္မည္။ ရဲအေရးပိုင္ေသာျပစ္မႈမ်ား အျဖစ္သတ္မွတ္ထားသည္ ။

sit nyein aung

[Unicode]
တာဝန်ထမ်းဆောင်ရမည့်သူများ အသက် ၁၈ နှစ်မှ ၃၅ နှစ် ထိ အမျိုးသား အားလုံး ။ အသက် ၁၈ နှစ်မှ ၂၇ နှစ်ထိ အမျိုးသမီးများ အားလုံး ။ ကျွမ်းကျင်ပညာရှင် ဖြစ်လျင်…. အသက် ၁၈ နှစ်မှ ၄၅ ထိ အမျိုးသား အားလုံး ။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိအမျိုးသမီးများ အားလုံး။ ကင်းလွတ်ခွင့်ရသူများ သာသနာ့ ဝန်ထမ်းများ ( မည်သည့် ဘာသာမဆို ) အိမ်ထောင်သည် အမျိုးသမီးများ။ သားသမီး ရှိသော အိမ်ထောင်ပျက် အမျိုးသမီးများ။ ဆေးစစ်ဆေးချက်အရ စစ်မှုထမ်းရန် မသင့်လျော်သူ ။ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို အဖွဲ့က သီးခြားအမိန့်ထုတ်ပြန် ကင်းလွတ်ခွင့်ပြုသူများ။ ယာယီ ကင်းလွတ်ခွင့်ရသူများယာယီ ဆေးအဆင့်နိမ့်နေသူများ။ နိုင်ငံ့ဝန်ထမ်းများ ။ ပညာသင်ကြားနေသူများ။ အခြား ပြုစုစောင့်ရှောက်မည့်သူမရှိသည့် မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသူများ။ မူးယစ်ဆေးဖြတ် ကုသမှုခံယူနေသူများ နှင့် ထောင်ဒဏ်ကျခံနေရသူများ။ (ယာယီ ကင်းလွတ်ခွင့်ပြုထားချိန်တွင်. အသက်ကန့်သတ်ချက် ကျော်လွန်သွားလျှင်ကင်းလွတ်ခွင့်မပြုပါ။ မဖြစ်မနေ တာဝန် ထမ်းဆောင်ရမည် )

စစ်မှုထမ်းကာလ သာမန် လူများ အတွက် ၂ နှစ်ဖြစ်ပြီး ပညာသည်များ အတွက် ၃ နှစ်ဖြစ်သည်။ (အရေးပေါ် အခြေအနေများတွင် မည်သူ့ကို မဆို စစ်မှုထမ်းကာလ ၅ နှစ်အထိ သက်တမ်း တိုးမြှင့်နိူင်သည်) အရန်တပ်ဖွဲ့ ဥပဒေပုဒ်မ ၂ အရတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် စစ်မှုထမ်းဟောင်းများအားလုံးကို စစ်မှုထမ်းဆောင်ရန် ပြန်လည်ဆင့်ခေါ်နိူင်ပါသည်။

ထိုသို့ဆင့်ခေါ်ခံရသော စစ်မှုထမ်းဟောင်းများ သည် တပ်မတော်တွင် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သောရာထူးနှင့်စစ်ဝတ်စုံတို့ကို သုံးစွဲခွင့်ပြုသည်။ စစ်မှုထမ်းဆောင်ရသူများ အားလုံးသည် ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကို လိုက်နာရမည်။ စစ်မှုထမ်းကာလအတွင်း ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်လျှင် စစ်တရားရုံး မှ ဖြစ်စေ နယ်ဘက် တရားရုံး မှ ဖြစ်စေ ချမှတ်သော ပြစ်ဒဏ်ကာလကို စစ်မှုထမ်းကာလအတွင်း ထည့်သွင်းစဉ်းစားခြင်းမပြုပဲသတ်မှတ်ကာလပြည့်သည်အထိ စစ်မှုထမ်းဆောင်ရမည်။ စစ်မှုထမ်းကာလအတွင်း အဆင့်လိုက် လစာနှင့်စရိတ်များ ခံစားခွင့်ရရှိပါမည်။

တာဝန်ထမ်းဆောင်စဉ် ကျဆုံးခဲ့ပါက တပ်မတော်မှသတ်မှတ်ထားသည့်အတိုင်း ခံစားခွင့်များရရှိပါမည်။ စစ်မှုထမ်းဆင့်ခေါ်စာကိုသက်ဆိုင်ရာပုဂ္ဂိုလ်ထံ တိုက်ရိုက်ပေးအပ်မည်ဖြစ်ပြီး မတွေ့ရှိခဲ့လျှင် မိသားစုဝင်တစ်ဦးဦးအား သက်သေတစ်ဦးရှေ့တွင် ပေးအပ်ပါလိမ့်မည်။ ထိုသို့ပေးအပ်ခြင်းသည် ဥပဒေအရ သက်ဆိုင်ရာပုဂ္ဂိုလ်လက်ထဲသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု မှတ်ယူပါလိမ့်မည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၃ အရ မှတ်ပုံတင်ဖို့ဆင့်ခေါ်ချိန်၌ ပျက်ကွက်လျှင် ဆေးစစ်ဖို့ဆင့်ခေါ်ချိန်၌ ပျက်ကွက်လျှင် စစ်မှုထမ်းဖို့ဆင့်ခေါ်ချိန်၌ ပျက်ကွက်လျှင် မှတ်ပုံတင်ချိန်၌ အကြောင်းအရာတစ်ခုခုကို လိမ်လည်ရေးသား ဖော်ပြလျှင် ထောင်ဒဏ် ၃နှစ် ကျခံရပါမည်။ -ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၄ အရ…… စစ်မှုထမ်းခြင်းမှ ရှောင်လွဲရန်အတွက် ရောဂါရှိဟန်ဆောင်ခြင်း၊ တမင် ရောဂါရအောင်လုပ်ခြင်း၊ ရောဂါကို မပျောက်အောင် ပိုဆိုးလာအောင်လုပ်ခြင်း၊ အနာတရ ဖြစ်အောင်လုပ်ခြင်းတို့အတွက်ကျူးလွန်သူအား ထောင်ဒဏ် ငါးနှစ်၊ အားပေးကူညီသူအား အရပ်သားဖြစ်လျှင် ထောင်ဒဏ်တစ်နှစ်၊ ဝန်ထမ်းဖြစ်လျှင် ထောင်ဒဏ်သုံးနှစ် ကျခံရပါလိမ့်မည်။ ရဲအရေးပိုင်သောပြစ်မှုများ အဖြစ်သတ်မှတ်ထားသည် ။

sit nyein aung