လူ သတ္ၿပီး ကား လုယက္ မွု က်ဴးလြန္ ခဲ့ တဲ့ ျမန္ မာ ၁ ဦး နဲ႔ တ႐ုတ္ ၁ ဦး ကို ဝ တပ္ ဖြဲ႕ ေသဒဏ္ အျပစ္ေပး

[Zawgyi]
ဝ ေဒသ မိုင္းေမာ ခရိုင္အတြင္း လူသတ္ၿပီး ကားလုယက္မႈ က်ဴးလြန္ခဲ့တဲ့ ျမန္မာနိုင္ငံသား ၁

ဦးနဲ႕ တ႐ုတ္နိုင္ငံသား ၁ ဦးတို႔ကို ဝ ေဒသကို အုပ္ခ်ဳပ္ေနတဲ့ ဝ ျပည္ေသြးစည္းညီၫြတ္ေရး

တပ္ဖြဲ႕က မတ္လ ၄ ရက္ေန႕က ေသဒဏ္ အျပစ္ေပးလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၇ ခုနစ္ ၾသဂုတ္လအတြင္းက မိုင္းေမာခရိုင္ လုံထန္ၿမိဳ႕နယ္အတြင္းမွာ ပန္ဆန္းကေန မိုင္းေမာကို ငွားရမ္းလာတဲ့ ကားတစီးေပၚ ပါလာတဲ့ ကားပိုင္ရွင္ ဇနီးေမာင္ႏွံကို ကားငွားလာသူ အမ်ိဳးသား ၂ ဦးက သတ္ျဖတ္မႈျဖစ္ပြားခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းမွာ က်ဴးလြန္သူ အမ်ိဳးသား ႏွစ္ဦးကိုဖမ္းဆီးစစ္ေဆးခဲ့ၿပီး ဝ တရားေရးဌာနဘက္က ေသဒဏ္ခ်မွတ္ခဲ့တာလို႔ ဝ တပ္ဖြဲ႕ရဲ႕ လားရွိုးဆက္ဆံေရး႐ုံးတာဝန္ခံ ဦးညီရမ္းက ဘီဘီစီကို ေျပာပါတယ္။

အခင္းျဖစ္ပြားၿပီး မၾကာခင္မွာပဲ တဦးကို ဖမ္းဆီးနိုင္ခဲ့တာ ျဖစ္သလို အျခားတေယာက္ကိုေတာ့ တလေက်ာ္ၾကာမွ တ႐ုတ္နယ္စပ္နားမွာ ဖမ္းမိခဲ့တာလို႔ ဦးညီရမ္းက ေျပာပါတယ္။

တရားခံ အမ်ိဳးသား ႏွစ္ဦးကို လူပုံအလယ္မွာ ကြပ္မ်က္ခဲ့ေနတာကို ဝ ႐ုပ္ျမင္သံၾကား သတင္းထုတ္လႊင့္ခဲ့ပါတယ္။

ျမန္မာနိုင္ငံသားအမည္ကေတာ့ ဦးရန္ခ်န္းျဖစ္ၿပီး တ႐ုတ္အမ်ိဳးသားအမည္ကိုေတာ့ သူ႕အေနနဲ႕ မသိရွိရေၾကာင္း ဦးညီရမ္းက ေျပာပါတယ္။

ဝ ေဒသမွာ လူသတ္မႈက်ဴးလြန္တဲ့သူေတြကို ေသဒဏ္ေပးတဲ့ အေလ့အထရွိၿပီး အရင္ကလည္း ဝ နယ္ထဲမွာ ျပစ္မႈ က်ဴးလြန္တဲ့ တ႐ုတ္နိုင္ငံသား အခ်ိဳ႕ကိုလည္း ေသဒဏ္ေပးခဲ့ဖူးတယ္လို႔ ဆိုၾကပါတယ္။

ဝ နဲ႕ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ ကြန္ျမဴနစ္ပါတီ အုပ္ခ်ဳပ္တဲ့ တ႐ုတ္ျပည္ဟာ ႀကီးေလးတဲ့ ျပစ္မႈေတြအတြက္ ေသဒဏ္အျပစ္ေပးတဲ့ စနစ္ကို က်င့္သုံးတဲ့ တိုင္းျပည္လည္း ျဖစ္ပါတယ္။

ဗမာျပည္ကြန္ျမဴနစ္ပါတီကေန ခြဲထြက္လာတဲ့ ၁၉၈၉ ခုနစ္ကတည္းက ဝ ေဒသမွာ တရားေရးဌာနကို ဖြဲ႕စည္းခဲ့တယ္လို႔ ဦးညီရမ္းက ေျပာပါတယ္။

Credit – BBC

[Unicode]
ဝ ဒေသ မိုင်းမော ခရိုင်အတွင်း လူသတ်ပြီး ကားလုယက်မှု ကျူးလွန်ခဲ့တဲ့ မြန်မာနိုင်ငံသား ၁

ဦးနဲ့ တရုတ်နိုင်ငံသား ၁ ဦးတို့ကို ဝ ဒေသကို အုပ်ချုပ်နေတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေး

တပ်ဖွဲ့က မတ်လ ၄ ရက်နေ့က သေဒဏ် အပြစ်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနစ် သြဂုတ်လအတွင်းက မိုင်းမောခရိုင် လုံထန်မြို့နယ်အတွင်းမှာ ပန်ဆန်းကနေ မိုင်းမောကို ငှားရမ်းလာတဲ့ ကားတစီးပေါ် ပါလာတဲ့ ကားပိုင်ရှင် ဇနီးမောင်နှံကို ကားငှားလာသူ အမျိုးသား ၂ ဦးက သတ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ကျူးလွန်သူ အမျိုးသား နှစ်ဦးကိုဖမ်းဆီးစစ်ဆေးခဲ့ပြီး ဝ တရားရေးဌာနဘက်က သေဒဏ်ချမှတ်ခဲ့တာလို့ ဝ တပ်ဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ဘီဘီစီကို ပြောပါတယ်။

အခင်းဖြစ်ပွားပြီး မကြာခင်မှာပဲ တဦးကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်သလို အခြားတယောက်ကိုတော့ တလကျော်ကြာမှ တရုတ်နယ်စပ်နားမှာ ဖမ်းမိခဲ့တာလို့ ဦးညီရမ်းက ပြောပါတယ်။

တရားခံ အမျိုးသား နှစ်ဦးကို လူပုံအလယ်မှာ ကွပ်မျက်ခဲ့နေတာကို ဝ ရုပ်မြင်သံကြား သတင်းထုတ်လွှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံသားအမည်ကတော့ ဦးရန်ချန်းဖြစ်ပြီး တရုတ်အမျိုးသားအမည်ကိုတော့ သူ့အနေနဲ့ မသိရှိရကြောင်း ဦးညီရမ်းက ပြောပါတယ်။

ဝ ဒေသမှာ လူသတ်မှုကျူးလွန်တဲ့သူတွေကို သေဒဏ်ပေးတဲ့ အလေ့အထရှိပြီး အရင်ကလည်း ဝ နယ်ထဲမှာ ပြစ်မှု ကျူးလွန်တဲ့ တရုတ်နိုင်ငံသား အချို့ကိုလည်း သေဒဏ်ပေးခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။

ဝ နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကွန်မြူနစ်ပါတီ အုပ်ချုပ်တဲ့ တရုတ်ပြည်ဟာ ကြီးလေးတဲ့ ပြစ်မှုတွေအတွက် သေဒဏ်အပြစ်ပေးတဲ့ စနစ်ကို ကျင့်သုံးတဲ့ တိုင်းပြည်လည်း ဖြစ်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်လာတဲ့ ၁၉၈၉ ခုနစ်ကတည်းက ဝ ဒေသမှာ တရားရေးဌာနကို ဖွဲ့စည်းခဲ့တယ်လို့ ဦးညီရမ်းက ပြောပါတယ်။

Credit – BBC