ရုရွားကလဲ ျဗိတိန္သံတမန္ေတြကုိ ႏုိင္ငံအတြင္းမွ ေမာင္းထုတ္မည္

[Zawgyi]
႐ုရွ သံတမန္ေတြကို ၿဗိတိန္ ဘက္ က ႏွင္ထုတ္ မယ္ဆိုတဲ့ ၿဗိတိန္ ရဲ့ ဆုံးျဖတ္ ခ်က္ နဲ႔ပတ္သက္ၿပီး တုံ႔ျပန္ တဲ့ အေနနဲ႔ သူ႔ဘက္ ကလည္း ၿဗိတိန္ သံတမန္ ေတြကို ႏွင္ထုတ္ ဖို႔ စီစဥ္ ေနေၾကာင္း ႐ုရွ တာဝန္ ရွိသူေတြ က ေျပာပါတယ္။

႐ုရွ ရဲ့ တုံ႔ျပန္ခ်က္ ကို အျမန္ဆုံး အေကာင္အထည္ ေဖာ္သြား မယ္ ဆိုၿပီး ေတာ့လည္း နိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရး ဆိုခြင့္ ရွိသူ မာရီယာ ဇာခါ ရိုဗာ က ေျပာပါတယ္။

ၿဗိတိန္ နိုင္ငံမွာ ခိုလွုံ ေနတဲ့ ႐ုရွ သူလၽွိုေဟာင္း အဆိပ္ခတ္ ခံရတဲ့ အမွုမွာ ႐ုရွ နိုင္ငံ ကို ျပစ္တင္တဲ့ ၿဗိတိန္ အစိုးရ ရဲ့ လုပ္ရပ္ဟာ အဓိပၸါယ္ မဲ့တဲ့ လုပ္ရပ္ ျဖစ္ တယ္လို႔လည္း ႐ုရွ နိုင္ငံျခားေရး ဝန္ႀကီးဌာန က ျပစ္တင္ ေဝဖန္ ခဲ့ပါတယ္။

႐ုရွ သူလၽွိုေဟာင္း အဆိပ္ခံ ခံရမွုမွာ ႐ုရွ အစိုးရ ဟာ ေနာက္ကြယ္က ပါဝင္ ပတ္သက္ေနတယ္ ဆိုတဲ့ အေထာက္အထား အမ်ားအျပား ရရွိ ထားေၾကာင္း ၿဗိတိန္ နိုင္ငံျခားေရး ဝန္ႀကီး ေဘာရစ္ ဂၽြန္ဆင္ က ေျပာဆို ထားပါတယ္။

[Unicode]
ရုရှ သံတမန်တွေကို ဗြိတိန် ဘက် က နှင်ထုတ် မယ်ဆိုတဲ့ ဗြိတိန် ရဲ့ ဆုံးဖြတ် ချက် နဲ့ပတ်သက်ပြီး တုံ့ပြန် တဲ့ အနေနဲ့ သူ့ဘက် ကလည်း ဗြိတိန် သံတမန် တွေကို နှင်ထုတ် ဖို့ စီစဉ် နေကြောင်း ရုရှ တာဝန် ရှိသူတွေ က ပြောပါတယ်။

ရုရှ ရဲ့ တုံ့ပြန်ချက် ကို အမြန်ဆုံး အကောင်အထည် ဖော်သွား မယ် ဆိုပြီး တော့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ မာရီယာ ဇာခါ ရိုဗာ က ပြောပါတယ်။

ဗြိတိန် နိုင်ငံမှာ ခိုလှုံ နေတဲ့ ရုရှ သူလျှိုဟောင်း အဆိပ်ခတ် ခံရတဲ့ အမှုမှာ ရုရှ နိုင်ငံ ကို ပြစ်တင်တဲ့ ဗြိတိန် အစိုးရ ရဲ့ လုပ်ရပ်ဟာ အဓိပ္ပါယ် မဲ့တဲ့ လုပ်ရပ် ဖြစ် တယ်လို့လည်း ရုရှ နိုင်ငံခြားရေး ဝန်ကြီးဌာန က ပြစ်တင် ဝေဖန် ခဲ့ပါတယ်။

ရုရှ သူလျှိုဟောင်း အဆိပ်ခံ ခံရမှုမှာ ရုရှ အစိုးရ ဟာ နောက်ကွယ်က ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ အထောက်အထား အများအပြား ရရှိ ထားကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဘောရစ် ဂျွန်ဆင် က ပြောဆို ထားပါတယ်။