အယ္လ္ရွာဘတ္ လက္နက္ကုိင္ (၇)ဦး ဆုိမာလီယာအစုိးရတပ္၏ပစ္သတ္ျခင္းခံရ

[Zawgyi]
ဆုိမာလီယာစစ္တပ္က Kismaayo အနီးတြင္ စစ္ေရးလႈပ္ရွားမႈျပဳလုပ္ခဲ့ရာ အယ္လ္ရွာဘတ္လက္နက္ကုိင္ ၇ ဦးကို ပစ္သတ္ႏုိင္ခဲ့ေၾကာင္း ဆုိမာလီယာစစ္ဘက္က မတ္လ ၁၄ ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

အယ္လ္ရွာဘတ္ အစြန္းေရာက္လက္နက္ကုိင္မ်ား Kismaayo ေျမာက္ဘက္သုိ႔ ၀င္ေရာက္တုိက္ခုိက္မည္ဟု သတင္းရရွိျပီးေနာက္ ယခုလုိ လွ်ိဳ၀ွက္တုိက္ခုိက္ခဲ့ျခင္းျဖစ္ေၾကာင္း ၊ တုိက္ခုိက္မႈတြင္ အယ္လ္ရွာဘတ္ လက္နက္ကုိင္ ၇ ဦး ေသနတ္မွန္ေသဆုံးခဲ့ျပီး စစ္တပ္ဘက္မွ ၁ ဦး ဒဏ္ရာရရွိခဲေၾကာင္း Kismaayo အေျခစုိက္ ဆုိမာလီယာ အစုိးရတပ္၏ တပ္မွဴးက မီဒီယာမ်ားကုိ ဆုိသည္။

Kismaayo မွာ ယခင္က အယ္လ္ရွာဘတ္ လက္နက္ကုိင္မ်ားထိန္းခ်ဳပ္ထားေသာ ေနရာျဖစ္ျပီး ၄င္းကုိ၂၀၁၂ ခုႏွစ္တြင္ ဆုိမာလီယာအေျခစုိက္ အာဖရိကသမဂၢအထူးေစလႊတ္အဖြဲ႔ ႏွင့္ ဆုိမာလီယာအစုိးရစစ္တပ္၊ ေဒသခံ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔တုိ႔ ပူးေပါင္းတုိက္ထုတ္ခဲ့ျခင္းျဖစ္သည္။ ဆုိမာလီယာ အယ္လ္ရွာဘတ္ႏွင့္ အယ္လ္ကုိင္ဒါးတုိ႔မွာ ပူးေပါင္းဆက္ႏြယ္ေနသည့္ အစြန္းေရာက္အဖြဲ႔အစည္းမ်ားျဖစ္ျပီး ယခုႏွစ္မ်ားတြင္ ဆုိမာလီယာႏွင့္အိမ္နီးခ်င္းႏုိင္ငံမ်ားကုိ အၾကမ္းဖက္တုိက္ခုိက္မႈမ်ား ျပဳလုပ္ေနျခင္း ျဖစ္သည္။

[Unicode]
ဆိုမာလီယာစစ်တပ်က Kismaayo အနီးတွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ရာ အယ်လ်ရှာဘတ်လက်နက်ကိုင် ၇ ဦးကို ပစ်သတ်နိုင်ခဲ့ကြောင်း ဆိုမာလီယာစစ်ဘက်က မတ်လ ၁၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အယ်လ်ရှာဘတ် အစွန်းရောက်လက်နက်ကိုင်များ Kismaayo မြောက်ဘက်သို့ ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းရရှိပြီးနောက် ယခုလို လျှိုဝှက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ တိုက်ခိုက်မှုတွင် အယ်လ်ရှာဘတ် လက်နက်ကိုင် ၇ ဦး သေနတ်မှန်သေဆုံးခဲ့ပြီး စစ်တပ်ဘက်မှ ၁ ဦး ဒဏ်ရာရရှိခဲကြောင်း Kismaayo အခြေစိုက် ဆိုမာလီယာ အစိုးရတပ်၏ တပ်မှူးက မီဒီယာများကို ဆိုသည်။

Kismaayo မှာ ယခင်က အယ်လ်ရှာဘတ် လက်နက်ကိုင်များထိန်းချုပ်ထားသော နေရာဖြစ်ပြီး ၎င်းကို၂၀၁၂ ခုနှစ်တွင် ဆိုမာလီယာအခြေစိုက် အာဖရိကသမဂ္ဂအထူးစေလွှတ်အဖွဲ့ နှင့် ဆိုမာလီယာအစိုးရစစ်တပ်၊ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်းတိုက်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဆိုမာလီယာ အယ်လ်ရှာဘတ်နှင့် အယ်လ်ကိုင်ဒါးတို့မှာ ပူးပေါင်းဆက်နွယ်နေသည့် အစွန်းရောက်အဖွဲ့အစည်းများဖြစ်ပြီး ယခုနှစ်များတွင် ဆိုမာလီယာနှင့်အိမ်နီးချင်းနိုင်ငံများကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။