ႏိုင္ငံတကာတရားရံုး အဖြဲ႔၀င္အျဖစ္ ကေန ႏႈတ္ထြက္ မယ္ လို႔ ဖိလစ္ပုိင္

[Zawgyi]
ႏိုင္ငံတကာတရားရံုး အဖြဲ႔၀င္အျဖစ္ကေန

ႏႈတ္ထြက္မယ္လို႔ ဖိလစ္ပုိင္သမၼတ ေျပာၾကား

==========================

ဖိလစ္ပိုင္ႏိုင္ငံကို ICC ေခၚ ႏိုင္ငံတကာတရားရံုး

အဖြဲ႔၀င္အျဖစ္ကေန ႏႈတ္ထြက္မယ္လို႔ သမၼတ

ဒူတာေတးက ေျပာလိုက္ပါတယ္။

သမၼတ ဒူတာေတး က ႏိုင္ငံတြင္း မူးယစ္ေဆး၀ါး

ႏွိမ္နင္းေရးမွာ မသကၤာသူ လူေလးေထာင္နီးပါးကို

သတ္ျဖတ္ခဲ့တဲ့ကိစၥနဲ႔ ပတ္သက္ၿပီး၊ ICC က

ပဏာမ စံုစမ္းစစ္ေဆးမႈေတြ ေဆာင္ရြက္မယ္လို႔

ေဖေဖာ္၀ါရီလက ေၾကညာခဲ့ပါတယ္။

အဲဒီ သတ္ျဖတ္ခံရတဲ့ အေရအတြက္ဟာ

ဖိလစ္ပိုင္ရဲတပ္ဖြဲ႕ရဲ႕ ေျပာဆိုခ်က္သာျဖစ္ၿပီး၊

တကယ့္အျဖစ္မွာ အဲဒီထက္ သံုးဆ ေလာက္

ပိုမ်ားႏိုင္တယ္လို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက

ေျပာပါတယ္။

ဒူတာေတးကေတာ့ သူ႔ရဲ႕ မူးယစ္ေဆးႏွိပ္နင္းေရး

လုပ္ငန္းအပေၚ ICC က ပဏာမ စံုစမ္းစစ္ေဆးမယ္

ဆိုတာ မလိုအပ္တဲ့အလုပ္ျဖစ္ၿပီး၊ ဖိလစ္ပိုင္

ဆန္႔က်င္ေရးအတြက္ ICC ကို ႏိုင္ငံေရးလက္နက္

ကိရိယာအျဖစ္ သံုးစြဲလိုက္တာပဲလို႔ စြပ္စြဲ

ေျပာဆိုလိုက္ပါတယ္။

ဒါ့ျပင္ မူးယစ္ေဆးတိိုက္ဖ်က္ေရးေဆာင္ရြက္စဥ္

ေသဆံုးရတာေတြဟာ တမင္ရည္ရြယ္တာ

မဟုတ္သလို၊ စစ္ရာဇ၀တ္မႈလည္းမဟုတ္၊

လူမ်ိဳးတံုး သတ္ျဖတ္မႈလည္း မဟုတ္ပါဘူးလို႔လည္း

သမၼတ ဒူတာေတးက ေျပာလိုက္ပါတယ္။

[Unicode]
နိုင်ငံတကာတရားရုံး အဖွဲ့ဝင်အဖြစ်ကနေ

နှုတ်ထွက်မယ်လို့ ဖိလစ်ပိုင်သမ္မတ ပြောကြား

==========================

ဖိလစ်ပိုင်နိုင်ငံကို ICC ခေါ် နိုင်ငံတကာတရားရုံး

အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်မယ်လို့ သမ္မတ

ဒူတာတေးက ပြောလိုက်ပါတယ်။

သမ္မတ ဒူတာတေး က နိုင်ငံတွင်း မူးယစ်ဆေးဝါး

နှိမ်နင်းရေးမှာ မသင်္ကာသူ လူလေးထောင်နီးပါးကို

သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး၊ ICC က

ပဏာမ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်မယ်လို့

ဖေဖော်ဝါရီလက ကြေညာခဲ့ပါတယ်။

အဲဒီ သတ်ဖြတ်ခံရတဲ့ အရေအတွက်ဟာ

ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်သာဖြစ်ပြီး၊

တကယ့်အဖြစ်မှာ အဲဒီထက် သုံးဆ လောက်

ပိုများနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက

ပြောပါတယ်။

ဒူတာတေးကတော့ သူ့ရဲ့ မူးယစ်ဆေးနှိပ်နင်းရေး

လုပ်ငန်းအပေါ် ICC က ပဏာမ စုံစမ်းစစ်ဆေးမယ်

ဆိုတာ မလိုအပ်တဲ့အလုပ်ဖြစ်ပြီး၊ ဖိလစ်ပိုင်

ဆန့်ကျင်ရေးအတွက် ICC ကို နိုင်ငံရေးလက်နက်

ကိရိယာအဖြစ် သုံးစွဲလိုက်တာပဲလို့ စွပ်စွဲ

ပြောဆိုလိုက်ပါတယ်။

ဒါ့ပြင် မူးယစ်ဆေးတိုက်ဖျက်ရေးဆောင်ရွက်စဉ်

သေဆုံးရတာတွေဟာ တမင်ရည်ရွယ်တာ

မဟုတ်သလို၊ စစ်ရာဇဝတ်မှုလည်းမဟုတ်၊

လူမျိုးတုံး သတ်ဖြတ်မှုလည်း မဟုတ်ပါဘူးလို့လည်း

သမ္မတ ဒူတာတေးက ပြောလိုက်ပါတယ်။