အေဆာက္ အအုံ တစ္လံုး ကို ပင္ ဖ်က္ဆီးႏုိ င္စြမ္း ရွိ သည့္ ႐ုရွား ၏ ေမာင္း သူ မ့ဲ တင့္ ကား

[Zawgyi]
႐ုရွားအစိုးရသည္ ႏုိင္ငံ၏စစ္ဘက္ စြမ္းေဆာင္ရည္မ်ားကို စဥ္ဆက္မျပတ္ တိုးျမႇင့္ေနၿပီး ေၾကာက္မက္ဖြယ္ ေကာင္းသည့္လက္နက္တစ္မ်ဳိးကို မၾကာေသးမီကထုတ္ေဖာ္ ျပသလိုက္သည္။ ႐ုရွားႏုိင္ငံ၏ ကာကြယ္ေ ရးပစၥည္း ထုတ္လုပ္မႈ ကုမၸဏီျဖစ္ေသာ ကာလက္ရွနီေကာ့သည္ ေမာင္းသူမဲ့တင့္ကား၏ စြမ္းေဆာင္ရည္ကို ထုတ္ေဖာ္ျပသလိုက္ျခင္းျဖစ္သည္။

၎၏စြမ္းေဆာင္ရည္မ်ားတြင္ အေဆာက္အအုံတစ္လံုးကို ဖ်က္ ဆီးႏုိင္ စြမ္းလည္းပါဝင္သည္။ ကာလက္ရွနီေကာ့ ကုမၸဏီက ထုတ္ေဖာ္ျပသေသာ ဗီဒီယိုတြင္ ဆိုရက္နစ္အမည္ရွိ အဆိုပါ တင့္ကားသည္ အေဆာက္အအုံတစ္လံုး၏ နံရံမ်ားကို စြမ္းအားျပင္းေသာ ဒံုးက်ည္မ်ားျဖင့္ ေဖာက္ထြင္းဖ်က္ဆီးလိုက္ႏုိင္ သည္ကိုေတြ႕ရသည္။

အရြယ္အစားအားျဖင့္ ကားငယ္တစ္စီးခန္႔သာ ရွိေသာ္လည္း ကင္းေထာက္ျခင္းႏွင့္ ကင္းလွည့္ျခင္းအျပင္ လုံၿခံဳေရးတာဝန္မ်ားကို အျပည့္အဝ ထမ္းေဆာင္ႏုိင္မည္ျဖစ္သည္။ ထို႔ျပင္ မိုင္းဒဏ္ ကို လည္းခံႏုိင္ရည္ရွိကာ ရန္သူ၏ ပစ္ခတ္မႈအတြင္း မိမိစစ္သည္မ်ားကို အကာအကြယ္ေပးႏုိင္သည္။

သို႔ေသာ္ ၎၏စြမ္းေဆာင္ရည္ အတိအက်ကိုမူ အေသးစိတ္ မသိရွိရေပ။ ႐ုရွားသမၼတဗလာဒီမာပူတင္သည္ မၾကာေသးမီကလည္း ႏ်ဴကလီးယား ဒံုးက်ည္တစ္စင္းကို ထုတ္ေဖာ္ျပသခဲ့ၿပီး ယင္းဒံုးက်ည္ကို မည္သည့္ ဒံုးက်ည္ကာကြယ္ေရး စနစ္ကမွ် ၾကားျဖတ္တိုက္ခိုက္ႏုိင္ျခင္းမရွိေၾကာင္းႏွင့္ ကမၻာေပၚရွိမည္သည့္ ပစ္မွတ္ကို မဆို ထိမွန္ေအာင္ပစ္ခတ္ႏုိင္ေၾကာင္းေျပာသည္။ ထို႔ျပင္ ပူတင္သည္ ႏုိင္ငံ၏စစ္ေရးစြမ္းရည္ အျပည့္အဝကို ႀကီးမားေသာစစ္ေရးေလ့က်င့္ခန္းမ်ား လုပ္ေဆာင္ျခင္းျဖင့္လည္း ျပသထားႏုိင္သည္။

႐ုရွားစစ္သည္မ်ားအတြက္ မၾကာေသးမီက ထုတ္ေဖာ္မိတ္ဆက္ခဲ့ေသာ စစ္အသံုးအေဆာင္ပစၥည္းမ်ားတြင္ Group 99 ဟုေခၚသည့္ စစ္ဝတ္စုံလည္းပါဝင္ၿပီး ထိုဝတ္စုံက အလြန္ေအးျမေသာ ႐ုရွားေဆာင္းရာသီ၏ ဒဏ္ကိုပင္ ကာကြယ္ေပးႏုိင္သည္ဟုဆိုသည္။

ဆက္လက္ၿပီး စစ္သံုးေမာ္ေတာ္ ဆိုင္ကယ္မ်ား၊ ယာဥ္ငယ္မ်ားႏွင့္ Vityaz ဟုအမည္ေပးထားသည့္ စက္ေသနတ္ငယ္မ်ားကိုလည္း မိတ္ဆက္ျပသထားသည္။ ယခု ေမာင္းသူမဲ့ တင့္ကားကို ထုတ္လုပ္သည့္ ကာလက္ရွနီေကာ့ ကုမၸဏီသည္ ႐ုရွားစစ္ဘက္၏ လက္နက္ငယ္ ၉၅ ရာခိုင္ႏႈန္းကိုထုတ္လုပ္ေပးေနကာ ႏုိင္ငံေပါင္း ၂၇ ႏုိင္ငံသုိ႔ စစ္လက္နက္ပစၥည္းမ်ား တင္ပို႔ေပး လွ်က္ရိွသည္။

[Unicode]
ရုရှားအစိုးရသည် နိုင်ငံ၏စစ်ဘက် စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ် တိုးမြှင့်နေပြီး ကြောက်မက်ဖွယ် ကောင်းသည့်လက်နက်တစ်မျိုးကို မကြာသေးမီကထုတ်ဖော် ပြသလိုက်သည်။ ရုရှားနိုင်ငံ၏ ကာကွယ်ေ ရးပစ္စည်း ထုတ်လုပ်မှု ကုမ္ပဏီဖြစ်သော ကာလက်ရှနီကော့သည် မောင်းသူမဲ့တင့်ကား၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။

၎င်း၏စွမ်းဆောင်ရည်များတွင် အဆောက်အအုံတစ်လုံးကို ဖျက် ဆီးနိုင် စွမ်းလည်းပါဝင်သည်။ ကာလက်ရှနီကော့ ကုမ္ပဏီက ထုတ်ဖော်ပြသသော ဗီဒီယိုတွင် ဆိုရက်နစ်အမည်ရှိ အဆိုပါ တင့်ကားသည် အဆောက်အအုံတစ်လုံး၏ နံရံများကို စွမ်းအားပြင်းသော ဒုံးကျည်များဖြင့် ဖောက်ထွင်းဖျက်ဆီးလိုက်နိုင် သည်ကိုတွေ့ရသည်။

အရွယ်အစားအားဖြင့် ကားငယ်တစ်စီးခန့်သာ ရှိသော်လည်း ကင်းထောက်ခြင်းနှင့် ကင်းလှည့်ခြင်းအပြင် လုံခြုံရေးတာဝန်များကို အပြည့်အဝ ထမ်းဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် မိုင်းဒဏ် ကို လည်းခံနိုင်ရည်ရှိကာ ရန်သူ၏ ပစ်ခတ်မှုအတွင်း မိမိစစ်သည်များကို အကာအကွယ်ပေးနိုင်သည်။

သို့သော် ၎င်း၏စွမ်းဆောင်ရည် အတိအကျကိုမူ အသေးစိတ် မသိရှိရပေ။ ရုရှားသမ္မတဗလာဒီမာပူတင်သည် မကြာသေးမီကလည်း နျူကလီးယား ဒုံးကျည်တစ်စင်းကို ထုတ်ဖော်ပြသခဲ့ပြီး ယင်းဒုံးကျည်ကို မည်သည့် ဒုံးကျည်ကာကွယ်ရေး စနစ်ကမျှ ကြားဖြတ်တိုက်ခိုက်နိုင်ခြင်းမရှိကြောင်းနှင့် ကမ္ဘာပေါ်ရှိမည်သည့် ပစ်မှတ်ကို မဆို ထိမှန်အောင်ပစ်ခတ်နိုင်ကြောင်းပြောသည်။ ထို့ပြင် ပူတင်သည် နိုင်ငံ၏စစ်ရေးစွမ်းရည် အပြည့်အဝကို ကြီးမားသောစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းဖြင့်လည်း ပြသထားနိုင်သည်။

ရုရှားစစ်သည်များအတွက် မကြာသေးမီက ထုတ်ဖော်မိတ်ဆက်ခဲ့သော စစ်အသုံးအဆောင်ပစ္စည်းများတွင် Group 99 ဟုခေါ်သည့် စစ်ဝတ်စုံလည်းပါဝင်ပြီး ထိုဝတ်စုံက အလွန်အေးမြသော ရုရှားဆောင်းရာသီ၏ ဒဏ်ကိုပင် ကာကွယ်ပေးနိုင်သည်ဟုဆိုသည်။

ဆက်လက်ပြီး စစ်သုံးမော်တော် ဆိုင်ကယ်များ၊ ယာဉ်ငယ်များနှင့် Vityaz ဟုအမည်ပေးထားသည့် စက်သေနတ်ငယ်များကိုလည်း မိတ်ဆက်ပြသထားသည်။ ယခု မောင်းသူမဲ့ တင့်ကားကို ထုတ်လုပ်သည့် ကာလက်ရှနီကော့ ကုမ္ပဏီသည် ရုရှားစစ်ဘက်၏ လက်နက်ငယ် ၉၅ ရာခိုင်နှုန်းကိုထုတ်လုပ်ပေးနေကာ နိုင်ငံပေါင်း ၂၇ နိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ တင်ပို့ပေး လျှက်ရှိသည်။