နှစ်လကြာမှ ရုပ် အေ လာင်း ကို ပြန်ဖော် ရာ မှ သက် ရှိ ထင်ရှား အလား ဖြစ်နေ သည့် အံ့ဘွယ် ဆရာေ တ်ာကြီး

[Zawgyi]







[Unicode]
ထိုင်းဘုန်းကြီး၏ ရုပ်အလောင်းကို နှစ်လကြာမှ ပြန်ဖော်ရာ သက်ရှိထင်ရှား ဘုန်းကြီးအလား ဖြစ်နေ

ထိုင်း ဘုန်းတော်ကြီး၏ ရုပ်အလောင်းကို နှစ်အကြာမှ ပြန်ဖော်ရာ သက်တော်ထင်ရှား ဘုန်းတော်ကြီး ကအေးအေးချမ်းချမ်း ပြုံ းတော်မူနေသည့် ပုံပေါ်နေသဖြင့် ဒါယကာ ဒါယကာမများ အံ့သြ ဘနန်း ဖြင့်ခဲ့ကြရသည် ။

ဆရာတော် လူအန်ပေါ်ပီယန်သည် ဖျားနာသဖြင့် ဘန်ကောက်တွင် ဆေးရုံတက် ကုသခဲ့ပြီး ပြီးခဲ့နှစ် နိုဝင်ဘာ ၁၉ ရက် သက်တော် ၉၂ နှစ် အရွယ်တွင် ဆေးရုံ ၌ပင် ပျံလွန်တော် မူသွားခဲ့သည် ။

ဘုန်းတော်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံသားဖြစ်သော်လည်း ထိုင်းနိုင်ငံရှိ လူဘူရီ ပြည်နယ်တွင်သာ အဓိက သီတင်းသုံးတော်မူခဲ့သည် ။

ပျံလွန်တော် မူသည့် အခါ ယင်းပြည်နယ်ရှိ ဘုန်းကြီးကျောင်းသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

ရုပ်အလောင်းတော်ကို ခေါင်းတလားထဲထည့်၍ဘုန်းကြီးကျောင်းတွင်ပင် ထားရှိထားပြီး သင်္ဃန်းအသစ် လဲပေးရန်ဟု ဆိုကာ ဒါယကာများမှ ယခုမှပင် ခေါင်းတလားကို ပြန်ဖွင့်ခဲ့ခြင်း ဖြစ်သည် ။

ထိုအခါမှ ရုပ်အလောင်းတော်မှာ သက်တော်ထင်ရှားအတိုင်း ဖြစ်နေကြောင်း ၎င်း တို့ သိရှိလိုက်ရတော့သည် ။