သူလွ်ိဳေဟာင္းကို အဆိပ္ခတ္တဲ႔ ႐ု႐ွား ကန္႐ႈတ္ခ်

[Zawgyi]
ၿဗိတိန္ႏုိ္င္ငံမွာ ႐ုရွားသူလွ်ဳိေဟာင္းတဦးကို အာ႐ံုေက်ာထိ ဓာတုအဆိပ္နဲ႔ လုပ္ၾကံသတ္ျဖတ္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ျဖစ္ရပ္အေပၚ သမၼတ ထရမ့္ပ္အစိုးရက ႐ုရွားကို ေဝဖန္ျပစ္တင္ လိုက္သလို သမၼတေရြးေကာက္ပြဲမွာ ႐ုရွားက ဝင္ေႏွာက္ခဲ့တယ္ ဆိုတာအတြက္ တိုက္႐ိုက္ အျပစ္တင္ၿပီး ပထမဆံုးအႀကိမ္အျဖစ္ ဒဏ္ခတ္အေရးယူူမႈေတြ ခ်မွတ္လို္က္ပါတယ္။

ၿဗိတိန္ႏုိင္ငံ၊ Salisbury ၿမိဳ႕မွာ ႐ုရွားသူလွ်ဳိေဟာင္း Sergei Skripal ကို အဆိပ္နဲ႔ တိုက္ခိုက္ခဲ့တဲ့ျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ၾကာသပေတးေန႔မွာ သတင္းေထာက္ေတြက သမၼတထရမ့္ပ္ကို ေမးတဲ့အခါ ဒီေနာက္ကြယ္မွာ ႐ုရွားေတြပါတယ္ဆိုတာ ေသခ်ာ သေလာက္ကိုရွိပါတယ္လို႔ သမၼတထရမ့္ပ္က ျပန္ေျပာပါတယ္။

အဲဒီတိုက္ခိုက္မႈကို ႐ုရွားက စီစဥ္ခဲ့တယ္လို႔ ၿဗိတိန္ကေျပာထားတာနဲ႔ပတ္သက္ၿပီး ၾကာသပေတးေန႔မွာ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ ေခါင္းေဆာင္ေတြနဲ႔အတူ သမၼတထရမ့္ပ္ကလည္း ပူးတြဲ ေၾကညာခ်က္တေစာင္ ထုတ္ျပန္ၿပီးေတာ့ ၿဗိတိန္ရဲ႕ ေျပာဆိုခ်က္ကို ေထာက္ခံထားပါတယ္။

၂၀၁၆ ခုႏွစ္ အေမရိကန္သမၼတေရြးေကာက္ပြဲမွာ ႐ုရွားက ဝင္ေႏွာက္ခဲ့တာ၊ အေမရိကန္ လွ်ပ္စစ္ဓာတ္အားလိုင္းအပါအ၀င္ တျခား ဆိုင္ဘာတိုက္ခိုက္မႈေတြ လုပ္ခဲ့တာအတြက္ အဖြဲ႔အစည္း ငါးခုနဲ႔ လူပုဂၢိဳလ္ ၁၉ ဦးတို႔ကို အမည္မည္းစာရင္း သြင္းလိုက္တဲ့ အေၾကာင္း အေမရိကန္အစိုးရက ေၾကညာအၿပီး သိပ္မၾကာခင္မွာပဲ ေခါင္းေဆာင္ေလးဦးရဲ႕ ပူးတြဲထုတ္ျပန္ခ်က္ ထြက္လာတာပါ။

[Unicode]
ဗြိတိန်နိုင်ငံမှာ ရုရှားသူလျှိုဟောင်းတဦးကို အာရုံကျောထိ ဓာတုအဆိပ်နဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တဲ့ဖြစ်ရပ်အပေါ် သမ္မတ ထရမ့်ပ်အစိုးရက ရုရှားကို ဝေဖန်ပြစ်တင် လိုက်သလို သမ္မတရွေးကောက်ပွဲမှာ ရုရှားက ဝင်နှောက်ခဲ့တယ် ဆိုတာအတွက် တိုက်ရိုက် အပြစ်တင်ပြီး ပထမဆုံးအကြိမ်အဖြစ် ဒဏ်ခတ်အရေးယူူမှုတွေ ချမှတ်လိုက်ပါတယ်။

ဗြိတိန်နိုင်ငံ၊ Salisbury မြို့မှာ ရုရှားသူလျှိုဟောင်း Sergei Skripal ကို အဆိပ်နဲ့ တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ကြာသပတေးနေ့မှာ သတင်းထောက်တွေက သမ္မတထရမ့်ပ်ကို မေးတဲ့အခါ ဒီနောက်ကွယ်မှာ ရုရှားတွေပါတယ်ဆိုတာ သေချာ သလောက်ကိုရှိပါတယ်လို့ သမ္မတထရမ့်ပ်က ပြန်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရုရှားက စီစဉ်ခဲ့တယ်လို့ ဗြိတိန်ကပြောထားတာနဲ့ပတ်သက်ပြီး ကြာသပတေးနေ့မှာ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ ခေါင်းဆောင်တွေနဲ့အတူ သမ္မတထရမ့်ပ်ကလည်း ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်ပြီးတော့ ဗြိတိန်ရဲ့ ပြောဆိုချက်ကို ထောက်ခံထားပါတယ်။

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားက ဝင်နှောက်ခဲ့တာ၊ အမေရိကန် လျှပ်စစ်ဓာတ်အားလိုင်းအပါအဝင် တခြား ဆိုင်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့တာအတွက် အဖွဲ့အစည်း ငါးခုနဲ့ လူပုဂ္ဂိုလ် ၁၉ ဦးတို့ကို အမည်မည်းစာရင်း သွင်းလိုက်တဲ့ အကြောင်း အမေရိကန်အစိုးရက ကြေညာအပြီး သိပ်မကြာခင်မှာပဲ ခေါင်းဆောင်လေးဦးရဲ့ ပူးတွဲထုတ်ပြန်ချက် ထွက်လာတာပါ။