ပူတင္ရဲ႕ “လက္တစ္ခ်က္ အလွည့္မွာ ဘဝပ်က္သြားႏိုင္တဲ့” အဂၤလန္

[Zawgyi]
အဂၤလန္ႏိုင္ငံရဲ႕ ၈၀%ေသာ အိုးအိမ္ေပါင္း၂၅ သန္းဟာ ဓာတ္ေငြ႔စြမ္းအင္ကို မွီခိုအားထားေနၾကရပါတယ္။ ႏိုင္ငံအတြက္လိုအပ္တဲ့ လ်ပ္စစ္စြမ္းအင္ရဲ႕¼ ကို Gas တာဘိုင္ေတြက ထုတ္လုပ္ေနပါတယ္။ဒါ့ျပင္ ျပည္သူ ေတြေန႔စဥ္မီးဖိုေခ်ာင္သံုးဖို႔ ေလာင္စာနဲ႔ အေႏြးဓာတ္ ေပးဖို႔ကိုလည္း ဓာတ္ေငြ႔က အစဥ္သျဖင့္ အေရးတႀကီး လိုအပ္ေနပါတယ္။

အဂၤလန္ႏိုင္ငံရဲ႕ ဒီေန႔လည္အပူခ်ိန္ဟာ ၁၀°စင္တီဂရိတ္သာ႐ွိၿပီး ညမွာ ၇°စင္တီဂရိတ္သာ႐ွိတာမို႔ အေႏြး
ဓာတ္ရဖို႔ Gasဟာသူတို႔အတြက္ ေသေရး႐ွင္ေရးတမ်ွ အေရးတႀကီးကိစၥ ျဖစ္ပါတယ္။

အဂၤလန္အတြက္လိုအပ္တဲ့ ဓာတ္ေငြ႔ ၄၄% ကိုဥေရာပပိုက္လိုင္းႀကီးနဲ႔ ေနာ္ေဝႏိုင္ငံပိုက္ လိုင္းကရယူပါတယ္။ ဥေရာပပိုက္လိုင္းႀကီးရဲ႕ ၃၃% ကို ႐ု႐ွားႏိုင္ငံက ပို႔လႊတ္ ေပးပါတယ္။ ဒါေၾကာင့္ ႐ု႐ွားရဲ႕ ဓာတ္ေငြ႔ေပးပို႔မႈဟာ အဂၤလန္အတြက္ မ႐ွိမျဖစ္လိုအပ္ေနပါတယ္။

ယခုအခါမွာ အဂၤလန္ဝန္ႀကီးခ်ဳပ္ထရီဇာေမက ႐ု႐ွား သံတမန္ ၂၃ ဦးကို ႏိုင္ငံတြင္းကႏွင္ထုတ္တဲ့ကိစၥေၾကာင့္
အဂၤလန္ နဲ႔႐ု႐ွားဟာ တင္းမာလ်က္႐ွိရာ အဂၤလန္ႏိုင္ငံ ကို႐ု႐ွားဘက္က ဓာတ္ေငြ႔ေပးပို႔မႈ ႐ုတ္တရက္ခ်က္ခ်င္း
ျဖတ္ေတာက္ပစ္မွာကို စိုးရိမ္ေသာကေရာက္ေနရတယ္ လို႔ဆိုပါတယ္။

ဒါေၾကာင့္ ထရီဆာေမက အဂၤလန္ကို ဓာတ္ေငြ႔ေပးပို႔
ေထာက္ပံ့မႈေပးမယ့္ ေဖာက္သည္ႏိူင္ငံကိုအေရးတႀကီး ႐ွာေဖြလ်က္႐ွိေၾကာင္းသိရပါတယ္။

တကယ္လို႔မ်ား ႐ု႐ွားသမၼတပူတင္က ကလဲ့စားေခ်တဲ့ အေနနဲ႔ ဂက္စ္ပိုက္လိုင္းတင္ပို႔ေပးမႈကို ပိတ္ပင္တဲ့ အမိန္႔တခ်က္ထုတ္လိုက္ပါက အဂၤလန္မွာ ေအးခဲၿပီး
ဒုကၡေရာက္မယ့္ ျပည္သူေတြက သန္းနဲ႔ခ်ီၿပီး ႐ွိေန ေၾကာင္းသိရပါတယ္ဗ်ာ။

[Unicode]
အင်္ဂလန်နိုင်ငံရဲ့ ၈၀%သော အိုးအိမ်ပေါင်း၂၅ သန်းဟာ ဓာတ်ငွေ့စွမ်းအင်ကို မှီခိုအားထားနေကြရပါတယ်။ နိုင်ငံအတွက်လိုအပ်တဲ့ လျပ်စစ်စွမ်းအင်ရဲ့¼ ကို Gas တာဘိုင်တွေက ထုတ်လုပ်နေပါတယ်။ဒါ့ပြင် ပြည်သူ တွေနေ့စဉ်မီးဖိုချောင်သုံးဖို့ လောင်စာနဲ့ အနွေးဓာတ် ပေးဖို့ကိုလည်း ဓာတ်ငွေ့က အစဉ်သဖြင့် အရေးတကြီး လိုအပ်နေပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ ဒီနေ့လည်အပူချိန်ဟာ ၁၀°စင်တီဂရိတ်သာရှိပြီး ညမှာ ၇°စင်တီဂရိတ်သာရှိတာမို့ အနွေး
ဓာတ်ရဖို့ Gasဟာသူတို့အတွက် သေရေးရှင်ရေးတမျှ အရေးတကြီးကိစ္စ ဖြစ်ပါတယ်။

အင်္ဂလန်အတွက်လိုအပ်တဲ့ ဓာတ်ငွေ့ ၄၄% ကိုဥရောပပိုက်လိုင်းကြီးနဲ့ နော်ဝေနိုင်ငံပိုက် လိုင်းကရယူပါတယ်။ ဥရောပပိုက်လိုင်းကြီးရဲ့ ၃၃% ကို ရုရှားနိုင်ငံက ပို့လွှတ် ပေးပါတယ်။ ဒါကြောင့် ရုရှားရဲ့ ဓာတ်ငွေ့ပေးပို့မှုဟာ အင်္ဂလန်အတွက် မရှိမဖြစ်လိုအပ်နေပါတယ်။

ယခုအခါမှာ အင်္ဂလန်ဝန်ကြီးချုပ်ထရီဇာမေက ရုရှား သံတမန် ၂၃ ဦးကို နိုင်ငံတွင်းကနှင်ထုတ်တဲ့ကိစ္စကြောင့်
အင်္ဂလန် နဲ့ရုရှားဟာ တင်းမာလျက်ရှိရာ အင်္ဂလန်နိုင်ငံ ကိုရုရှားဘက်က ဓာတ်ငွေ့ပေးပို့မှု ရုတ်တရက်ချက်ချင်း
ဖြတ်တောက်ပစ်မှာကို စိုးရိမ်သောကရောက်နေရတယ် လို့ဆိုပါတယ်။

ဒါကြောင့် ထရီဆာမေက အင်္ဂလန်ကို ဓာတ်ငွေ့ပေးပို့
ထောက်ပံ့မှုပေးမယ့် ဖောက်သည်နိူင်ငံကိုအရေးတကြီး ရှာဖွေလျက်ရှိကြောင်းသိရပါတယ်။

တကယ်လို့များ ရုရှားသမ္မတပူတင်က ကလဲ့စားချေတဲ့ အနေနဲ့ ဂက်စ်ပိုက်လိုင်းတင်ပို့ပေးမှုကို ပိတ်ပင်တဲ့ အမိန့်တချက်ထုတ်လိုက်ပါက အင်္ဂလန်မှာ အေးခဲပြီး
ဒုက္ခရောက်မယ့် ပြည်သူတွေက သန်းနဲ့ချီပြီး ရှိနေ ကြောင်းသိရပါတယ်ဗျာ။