ျငိမ္းခ်မ္းေရး ေျပး လမ္း ေပၚက ေနာက္ထပ္ “ျမင္း”

[Zawgyi]
အပစ္ရပ္စာခ်ဳပ္ NCA မွာ မြန္ျပည္သစ္နဲ႔ လားဟူတို႔ပါ ပါဝင္ လက္မွတ္ေရးထိုးခဲ့ၿပီး ျဖစ္တဲ့ အတြက္ ယခင္ အစိုးရလက္ထက္ ေရးထိုးခဲ့ၿပီးသား (၈) ဖြဲ႔အပါအဝင္ လက္ရွိ (၁၀) ဖြဲ႔ထိ ရွိလာၿပီ ျဖစ္တယ္။

ရန္ကုန္ၿမိဳ႕ ေရႊလီလမ္းက အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ဗဟုိ ဌာန NRPC မွာ KNPP ကရင္နီ အမ်ဳိးသားတုိးတက္ေရး ပါတီ ကရင္လက္နက္ကိုင္ အဖြဲ႔အစည္းနဲ႔ ၿငိမ္းခ်မ္းေရးေကာ္မရွင္တုိ႔ အလြတ္သေဘာ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကၿပီး တတိယအႀကိမ္ ၂၁ ရာစု ပင္လံုညီလာခံ မက်င္းပခင္ ကယားျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ လြိဳင္ေကာ္မွာ တရား၀င္ေတြ႔ဆံုေဆြးေႏြး ဖို႔ KNPP ဘက္မွ အဆိုျပဳထားတယ္လို႔ သိရပါတယ္။

ေဆြးေႏြးမႈေတြအရ KNPP ဟာ NCA မွာ ပါဝင္လာဖို႔ ေျပးလမ္းေပၚ ေရာက္လာၿပီျဖစ္ၿပီး ျမန္မာႏိုင္ငံ ေအာက္ပိုင္းတစ္ခုလံုး ၿငိမ္းခ်မ္းေရး အရိပ္အေယာင္ေတြ ခံစား ျမင္ေတြ႔ေနရေလၿပီ။

NCA မွာ လက္မွတ္ေရးထိုးထားတဲ့ KNU နဲ႔ေတာ့ ဖာပြန္ခရိုင္အတြင္းမွာ တပ္မေတာ္နဲ႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ေဒသခံအခ်ိဳ႕ေတာ့ ထြက္ေျပးတိမ္းေရွာင္ေနရတယ္ဆိုတဲ့ သတင္းေတြ ထြက္ေနပါတယ္။
ဒါေပမယ့္ ဒါကလည္း ၿငိမ္းခ်မ္းေရးအတြက္ ထိခိုက္မွာ စိုးရိမ္စရာ အေျခအေန မရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ ျဖစ္လာတဲ့ ပဋိပကၡေတြကို ေတြ႔ဆံု အေျဖရွာဖို႔ နည္းလမ္းေတြ NCA စာခ်ဳပ္မွာ ပါရွိလို႔ပါပဲ။

ယခု ရွမ္းေျမာက္နဲ႔ KIA တို႔ လႈပ္ရွားတဲ့ ကခ်င္ျပည္နယ္အတြင္း ျဖစ္ပြားေနေသးတဲ့ တိုက္ပြဲေတြ၊ ဗံုးေပါက္ကြဲမႈေတြ၊ တံတား ဖ်က္ဆီးမႈေတြကေတာ့ ႏွစ္ဖက္ေတြ႔ဆံု ေျဖရွင္းဖို႔ နည္းလမ္း မရွိသလို ေတြ႔ဆံုႏိုင္ဖို႔ပင္ ခက္ခဲတဲ့ အေျခအေနမွာ ရွိေနပါတယ္။ ကခ်င္ႏွင့္ရွမ္းေျမာက္ ေဒသနဲ႔ ေဒသေန လူထုအတြက္ေတာ့ ထို ဒုကၡေတြၾကားမွ ရုန္းထြက္ႏိုင္ဖို႔ လြတ္ေျမာက္ရာလမ္း မျမင္ေသးသလို ၿငိမ္းခ်မ္းေရးကလည္း ပိုပို ဆုတ္ယုတ္လာကာ စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနဆဲ ပါပဲဗ်ာ။

[Unicode]
အပစ်ရပ်စာချုပ် NCA မှာ မွန်ပြည်သစ်နဲ့ လားဟူတို့ပါ ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်တဲ့ အတွက် ယခင် အစိုးရလက်ထက် ရေးထိုးခဲ့ပြီးသား (၈) ဖွဲ့အပါအဝင် လက်ရှိ (၁၀) ဖွဲ့ထိ ရှိလာပြီ ဖြစ်တယ်။

ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟို ဌာန NRPC မှာ KNPP ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ ကရင်လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ မကျင်းပခင် ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မှာ တရားဝင်တွေ့ဆုံဆွေးနွေး ဖို့ KNPP ဘက်မှ အဆိုပြုထားတယ်လို့ သိရပါတယ်။

ဆွေးနွေးမှုတွေအရ KNPP ဟာ NCA မှာ ပါဝင်လာဖို့ ပြေးလမ်းပေါ် ရောက်လာပြီဖြစ်ပြီး မြန်မာနိုင်ငံ အောက်ပိုင်းတစ်ခုလုံး ငြိမ်းချမ်းရေး အရိပ်အယောင်တွေ ခံစား မြင်တွေ့နေရလေပြီ။

NCA မှာ လက်မှတ်ရေးထိုးထားတဲ့ KNU နဲ့တော့ ဖာပွန်ခရိုင်အတွင်းမှာ တပ်မတော်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံအချို့တော့ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
ဒါပေမယ့် ဒါကလည်း ငြိမ်းချမ်းရေးအတွက် ထိခိုက်မှာ စိုးရိမ်စရာ အခြေအနေ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဖြစ်လာတဲ့ ပဋိပက္ခတွေကို တွေ့ဆုံ အဖြေရှာဖို့ နည်းလမ်းတွေ NCA စာချုပ်မှာ ပါရှိလို့ပါပဲ။

ယခု ရှမ်းမြောက်နဲ့ KIA တို့ လှုပ်ရှားတဲ့ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသေးတဲ့ တိုက်ပွဲတွေ၊ ဗုံးပေါက်ကွဲမှုတွေ၊ တံတား ဖျက်ဆီးမှုတွေကတော့ နှစ်ဖက်တွေ့ဆုံ ဖြေရှင်းဖို့ နည်းလမ်း မရှိသလို တွေ့ဆုံနိုင်ဖို့ပင် ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကချင်နှင့်ရှမ်းမြောက် ဒေသနဲ့ ဒေသနေ လူထုအတွက်တော့ ထို ဒုက္ခတွေကြားမှ ရုန်းထွက်နိုင်ဖို့ လွတ်မြောက်ရာလမ်း မမြင်သေးသလို ငြိမ်းချမ်းရေးကလည်း ပိုပို ဆုတ်ယုတ်လာကာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေဆဲ ပါပဲဗျာ။