ေကအဲန္ယူ တပ္မဟာ (၅)ႏွင့္ အစုိးရတပ္မေတာ္တုိ႔ ပစ္ခတ္မႈျဖစ္ပြား

[Zawgyi]
KNU-ကရင္အမ်ဳိးသားအစည္းအ႐ုံး ၊ တပ္မဟာ (၅)နယ္ေျမ၊ မူတေရာ္(ဖာပြန္)ခ႐ုိင္၊ ဒဲြ႔လုိးၿမဳိ႕နယ္၊ (ကမေမာင္းၿမဳိ႕နယ္)၊ ေလးဖုိးထေက်းရြာအုပ္စု၌္ မတ္လ ၁၅ ရက္ေန ့ ေန႔လည္ ၁၂နာရီခြဲအခ်ိန္ခန္႔တြင္ အစုိးရတပ္မေတာ္ တပ္မ(၂၂)လက္ေအာက္ခံ၊ ေျချမန္တပ္ရင္း(ခမရ-၂၀၃)ႏွင့္ ကရင္အမ်ဳိးသားလြတ္ေျမာက္ေရးတပ္မေတာ္-KNLA တပ္မဟာ(၅)၊ (၁၀၂) တပ္ရင္းတုိ႔အၾကား (၁၅)မိနစ္ခန္႔ ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ ထိခုိက္ဒဏ္ရာရမႈရွိသည္ဟု KNU ဘက္က ေျပာသည္။

ျဖစ္စဥ္မွာ အစုိးရတပ္မေတာ္တပ္ရင္း(ခမရ-၂၀၃)ဘက္မွ အထက္အမိန္႔အရ ေဒသခံရြာသားမ်ားကုိ သြားေရာက္ကူညီရ မည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ KNLA တပ္ခြဲတာဝန္ရွိသူမ်ားကုိ ဆက္သြယ္အေၾကာင္းၾကားခြင့္ေတာင္းခဲ့ရာတြင္ KNLAဘက္မွ သတ္မွတ္နယ္ေျမျဖစ္ေသာေၾကာင့္ ခြင့္ျပဳခ်က္မေပးႏုိင္ရာမွ ေလးဖုိးထေက်းရြာအုပ္စုရွိ KNLA စစ္ေဆး ေရးဂိတ္ လုံၿခဳံေရးေစာင့္တပ္ႏွင့္ ၎အစုိးရတပ္မေတာ္အဖဲြ႔တုိ႔အၾကားပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေကအဲန္ယူ တပ္မဟာ (၅) ႐ုံးထုိင္မႉး ဗုိလ္မႉး ေစာကလယ္ဒုိက အတည္ျပဳေျပာဆုိသည္။

“အစုိးရတပ္က မယ္ထီးခီးကုိသြားမယ္ဆုိၿပီး ေရွ႕တန္းတပ္ခြဲကုိ ခြင့္ေတာင္းတာေပါ့ေနာ္။ တပ္ခြဲက သြားလုိ႔မရဘူး လုိ႔ ေျပာတယ္။ ဒါေပမဲ့ ေဒသခံရြာသားေတြကုိ သြားကူညီရမယ္၊ မကူညီရင္ မရဘူးလုိ႔ အထက္ကအမိန္႔ေပးတာ ေၾကာင့္ သြားကုိ သြားရမယ္ဆုိၿပီးသြားေတာ့ သြားတယ္။ ဖာပြန္က ဆက္ဆံေရး႐ုံးကုိ ဆက္သြယ္ေမးေတာ့ ဆက္ဆံေရး႐ုံးက ခြင့္မျပဳရင္ မသြားနဲ႔လုိ႔ ေျပာေပမဲ့သြားတယ္။ သြားေတာ့ ဝါ့သုိးခုိ႔ရြာကုိေက်ာ္လာၿပီး ဂိတ္ၾကားကုိေရာက္ေတာ့ ဒီက ပစ္တာေပါ့။” ဟု ၎က ေကအုိင္စီသုိ႔ ေျပာသည္။

တပ္အင္အား ၄ဝ ခန္႔ပါရွိေသာ အစုိးရတပ္မေတာ္သည္ KNLA ၏ စစ္ေဆးေရး ဂိတ္ၾကားႏွင့္ ဂိတ္ေအာက္ဖက္သုိ႔ ႏွစ္ဖြဲ႔ခြဲ၍ တက္လာစဥ္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း၊ ပစ္ခတ္မႈျဖစ္ပြားခဲ့အၿပီး KNLA တပ္သားမ်ားဘက္မွ ၎တုိ႔၏ စစ္ေဆးေရး ဂိတ္ေနရာမွ ဆုတ္ခြာသြားၿပီး အစုိးရတပ္မေတာ္မွ ၎စစ္ေဆးေရးဂိတ္မ်ားကုိ မီးရႈိ႕ဖ်က္ဆီးပစ္လုိက္ၿပီးေနာက္ ျပန္လည္ ဆုတ္ခြာသြားေၾကာင္း ဗုိလ္မႉးေစာကလယ္ဒုိ႔က ဆက္ေျပာသည္။

အဆုိပါ ပစ္ခတ္မႈတြင္ အစုိးရတပ္မေတာ္ဘက္မွ ၃ဦး ထိခုိက္ ဒဏ္ရာရရွိသြားၿပီး KNLA ဘက္မွ ထိခုိက္မႈမရွိဟု KNU တပ္မဟာ (၅)ဘက္က ေျပာဆုိခဲ့ေသာ္လည္း ေကအုိင္စီ-ကရင္သတင္းဌာနအေနျဖင့္ သီးသန္႔ အတည္ျပဳခ်က္ မရရွိခဲ့သလုိ အစုိးရတပ္မေတာ္ဘက္ကုိလည္း ဆက္သြယ္ေမးျမန္း၍ မရရွိေပ။

ယခုႏွစ္ မတ္လဆန္းပုိင္းမွစ၍ ေကအဲန္ယူ မူတေရာ္(ဖာပြန္)ခ႐ုိင္၊ လူေသာၿမိဳ႕နယ္ရွိ ေခးပူႏွင့္ လယ္မူပေလာၾကား ကားလမ္းေဟာင္းကုိ အစုိးရတပ္မေတာ္မွ ဆက္လက္ေဖာက္လုပ္မႈျပဳလုပ္ရာတြင္ သတ္မွတ္နယ္ေျမကို က်ဴးေက်ာ္ လာျခင္းေၾကာင့္ ပစ္ခတ္မႈ (၅)ႀကိမ္ထက္ မနည္းျဖစ္ပြားခဲ့သလုိ လက္ရွိအခ်ိန္ထိ လမ္းေဖာက္လုပ္မႈအတြင္း ျပင္ဆင္မႈမ်ားရွိေနျခင္းေၾကာင့္ ႏွစ္ဖက္ တင္းမာမႈ မ်ားဆက္ျဖစ္ပြားႏုိင္ေၾကာင္းလည္း KNU က ေျပာသည္။

လတ္တေလာ ျဖစ္ပြားသည့္ ပစ္ခတ္မႈမ်ားကုိ အစုိးရႏွင့္ KNU တုိ႔အၾကား တရားဝင္ေျဖရွင္းမႈမ်ား ထြက္ေပၚလာ မႈမရွိေသး ဘဲ ၎ပစ္ခတ္မႈမ်ားေၾကာင့္ မူတေရာ္ခ႐ုိင္၊ လူေသာၿမိဳ႕နယ္၊ လယ္မူပေလာႏွင့္ ေခးပူေက်းရြာ အုပ္စုႏွစ္စုထဲရွိ ေဒသခံရြာ သား စုစုေပါင္း ႏွစ္ေထာင္နီးပါး ေျခဦးတည့္ရာသုိ႔ ယေန႔အထိ ထြက္ေျပးတိမ္းေရွာင္ ေနရဆဲျဖစ္ၿပီး စားနပ္ရိကၡာ ေဆးဝါးအကူအညီမ်ား လုိအပ္လ်က္ရွိေၾကာင္း ကရင္အရပ္ဖက္မ်ားက ေျပာသည္။

[Unicode]
KNU-ကရင်အမျိုးသားအစည်းအရုံး ၊ တပ်မဟာ (၅)နယ်မြေ၊ မူတရော်(ဖာပွန်)ခရိုင်၊ ဒွဲ့လိုးမြို့နယ်၊ (ကမမောင်းမြို့နယ်)၊ လေးဖိုးထကျေးရွာအုပ်စု၌် မတ်လ ၁၅ ရက်နေ့ နေ့လည် ၁၂နာရီခွဲအချိန်ခန့်တွင် အစိုးရတပ်မတော် တပ်မ(၂၂)လက်အောက်ခံ၊ ခြေမြန်တပ်ရင်း(ခမရ-၂၀၃)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၅)၊ (၁၀၂) တပ်ရင်းတို့အကြား (၁၅)မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရမှုရှိသည်ဟု KNU ဘက်က ပြောသည်။

ဖြစ်စဉ်မှာ အစိုးရတပ်မတော်တပ်ရင်း(ခမရ-၂၀၃)ဘက်မှ အထက်အမိန့်အရ ဒေသခံရွာသားများကို သွားရောက်ကူညီရ မည်ဟူသော အကြောင်းပြချက်ဖြင့် KNLA တပ်ခွဲတာဝန်ရှိသူများကို ဆက်သွယ်အကြောင်းကြားခွင့်တောင်းခဲ့ရာတွင် KNLAဘက်မှ သတ်မှတ်နယ်မြေဖြစ်သောကြောင့် ခွင့်ပြုချက်မပေးနိုင်ရာမှ လေးဖိုးထကျေးရွာအုပ်စုရှိ KNLA စစ်ဆေး ရေးဂိတ် လုံခြုံရေးစောင့်တပ်နှင့် ၎င်းအစိုးရတပ်မတော်အဖွဲ့တို့အကြားပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ တပ်မဟာ (၅) ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒိုက အတည်ပြုပြောဆိုသည်။

“အစိုးရတပ်က မယ်ထီးခီးကိုသွားမယ်ဆိုပြီး ရှေ့တန်းတပ်ခွဲကို ခွင့်တောင်းတာပေါ့နော်။ တပ်ခွဲက သွားလို့မရဘူး လို့ ပြောတယ်။ ဒါပေမဲ့ ဒေသခံရွာသားတွေကို သွားကူညီရမယ်၊ မကူညီရင် မရဘူးလို့ အထက်ကအမိန့်ပေးတာ ကြောင့် သွားကို သွားရမယ်ဆိုပြီးသွားတော့ သွားတယ်။ ဖာပွန်က ဆက်ဆံရေးရုံးကို ဆက်သွယ်မေးတော့ ဆက်ဆံရေးရုံးက ခွင့်မပြုရင် မသွားနဲ့လို့ ပြောပေမဲ့သွားတယ်။ သွားတော့ ဝါ့သိုးခို့ရွာကိုကျော်လာပြီး ဂိတ်ကြားကိုရောက်တော့ ဒီက ပစ်တာပေါ့။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

တပ်အင်အား ၄ဝ ခန့်ပါရှိသော အစိုးရတပ်မတော်သည် KNLA ၏ စစ်ဆေးရေး ဂိတ်ကြားနှင့် ဂိတ်အောက်ဖက်သို့ နှစ်ဖွဲ့ခွဲ၍ တက်လာစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားခဲ့အပြီး KNLA တပ်သားများဘက်မှ ၎င်းတို့၏ စစ်ဆေးရေး ဂိတ်နေရာမှ ဆုတ်ခွာသွားပြီး အစိုးရတပ်မတော်မှ ၎င်းစစ်ဆေးရေးဂိတ်များကို မီးရှို့ဖျက်ဆီးပစ်လိုက်ပြီးနောက် ပြန်လည် ဆုတ်ခွာသွားကြောင်း ဗိုလ်မှူးစောကလယ်ဒို့က ဆက်ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် အစိုးရတပ်မတော်ဘက်မှ ၃ဦး ထိခိုက် ဒဏ်ရာရရှိသွားပြီး KNLA ဘက်မှ ထိခိုက်မှုမရှိဟု KNU တပ်မဟာ (၅)ဘက်က ပြောဆိုခဲ့သော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးသန့် အတည်ပြုချက် မရရှိခဲ့သလို အစိုးရတပ်မတော်ဘက်ကိုလည်း ဆက်သွယ်မေးမြန်း၍ မရရှိပေ။

ယခုနှစ် မတ်လဆန်းပိုင်းမှစ၍ ကေအဲန်ယူ မူတရော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်ရှိ ခေးပူနှင့် လယ်မူပလောကြား ကားလမ်းဟောင်းကို အစိုးရတပ်မတော်မှ ဆက်လက်ဖောက်လုပ်မှုပြုလုပ်ရာတွင် သတ်မှတ်နယ်မြေကို ကျူးကျော် လာခြင်းကြောင့် ပစ်ခတ်မှု (၅)ကြိမ်ထက် မနည်းဖြစ်ပွားခဲ့သလို လက်ရှိအချိန်ထိ လမ်းဖောက်လုပ်မှုအတွင်း ပြင်ဆင်မှုများရှိနေခြင်းကြောင့် နှစ်ဖက် တင်းမာမှု များဆက်ဖြစ်ပွားနိုင်ကြောင်းလည်း KNU က ပြောသည်။

လတ်တလော ဖြစ်ပွားသည့် ပစ်ခတ်မှုများကို အစိုးရနှင့် KNU တို့အကြား တရားဝင်ဖြေရှင်းမှုများ ထွက်ပေါ်လာ မှုမရှိသေး ဘဲ ၎င်းပစ်ခတ်မှုများကြောင့် မူတရော်ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလောနှင့် ခေးပူကျေးရွာ အုပ်စုနှစ်စုထဲရှိ ဒေသခံရွာ သား စုစုပေါင်း နှစ်ထောင်နီးပါး ခြေဦးတည့်ရာသို့ ယနေ့အထိ ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်ပြီး စားနပ်ရိက္ခာ ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိကြောင်း ကရင်အရပ်ဖက်များက ပြောသည်။