အမုန္းတရားဆီသို႔ ဦးတည္ေနသည့္ ရွမ္းမ်ိဳးႏြယ္စုမ်ား အား KIA မွ လူသစ္ စုေဆာင္းမႈျပႆနာ

[Zawgyi]
ရွမ္းမ်ိဳးႏြယ္စုေရးရာအဖြဲ႕မွ KIA ဖမ္းဆီးထားေသာ ရွမ္းလူငယ္ ၂၈၀ ရွိၿပီး လြတ္ေျမာက္လာသူ ၉၀ ခန္႔သာ ရွိေသး ေၾကာင္း ေျပာဆိုမႈအေပၚ KIO နည္းပညာအႀကံေပးအဖြဲ႕မွ ၎အဖြဲ႕၏ ေျပာဆိုေသာ ပမာဏသည္ မ်ားလြန္းၿပီး KIA စုေဆာင္းထားေသာ လူသစ္မွာ ထိုမွ်ေလာက္ထိ မရွိေၾကာင္း တံု႔ျပန္ေျပာဆိုထားသည္။

ထိုအေျဖက ရွင္းပါသည္။ KIO နည္းပညာအႀကံေပးအဖြဲ႕၏ ေျပာစကားအရ KIA အဖြဲ႕အေနျဖင့္ ေဒသခံ ရွမ္းမ်ိဳး ႏြယ္စုမ်ားအား လူသစ္ အျဖစ္ ဖမ္းဆီးေခၚေဆာင္ထားေၾကာင္း ၀န္ခံလိုက္ျခင္းပင္ ျဖစ္သည္။ သို႔ေသာ္ KIA ဒုစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ဂြမ္ေမာ္ ကေတာ့ ေဒသခံရွမ္းလူငယ္မ်ားအား လူသစ္စုေဆာင္းၿပီး စစ္သင္တန္းပို႔ခ်ျခင္း မရွိပါဟု မီဒီယာမ်ားသို႔ မ်က္ႏွာေျပာင္ တိုက္စြာ ညာေျပာထားပါသည္။

အဆုိပါ ျပႆနာသည္ KIA ႏွင့္ ရွမ္းမ်ိဳးႏြယ္စုေရးရာအဖြဲ႕ ၾကားမွာ တစ္စထက္ တစ္စ ပိုမိုျပင္းထန္လာပါသည္။ ဖမ္းဆီး ထားေသာ ရွမ္းလူငယ္မ်ားကို ျပန္မလႊတ္ေပးပါက KIA အဖြဲ႕အား ေတာ္လွန္တိုက္ခိုက္သြားမည္ဟု ရွမ္းမ်ိဳးႏြယ္စုေရးရာ အဖြဲ႕က အတိအလင္း ထုတ္ေဖာ္ေျပာဆိုလာသည္။

ထို႔ေၾကာင့္ လူမ်ိဳးေရးပဋိပကၡ အသြင္ေဆာင္လာေသာ KIA ႏွင့္ ရွမ္းမ်ိဳးႏြယ္စုေရးရာ အဖြဲ႕တို႔၏ မေျပလည္မႈမ်ားကို အျမန္ဆံုးေျဖရွင္းေပးႏိုင္လွ်င္ အေကာင္းဆံုးျဖစ္ပါသည္။ ကိုယ့္တိုင္းရင္းသားအခ်င္းခ်င္းၾကား နားလည္မႈလြဲကာ အမုန္းမပြားေစခ်င္ပါ။ အမုန္းတရားဆီသို႔ ဦးတည္ေနေသာ ရွမ္းမ်ိဳးႏြယ္စုမ်ားအေပၚ KIA ၏ လူသစ္စုေဆာင္းမႈ ျပႆနာကို ၀ိုင္း၀န္းအေျဖရွာ

[Unicode]
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ KIA ဖမ်းဆီးထားသော ရှမ်းလူငယ် ၂၈၀ ရှိပြီး လွတ်မြောက်လာသူ ၉၀ ခန့်သာ ရှိသေး ကြောင်း ပြောဆိုမှုအပေါ် KIO နည်းပညာအကြံပေးအဖွဲ့မှ ၎င်းအဖွဲ့၏ ပြောဆိုသော ပမာဏသည် များလွန်းပြီး KIA စုဆောင်းထားသော လူသစ်မှာ ထိုမျှလောက်ထိ မရှိကြောင်း တုံ့ပြန်ပြောဆိုထားသည်။

ထိုအဖြေက ရှင်းပါသည်။ KIO နည်းပညာအကြံပေးအဖွဲ့၏ ပြောစကားအရ KIA အဖွဲ့အနေဖြင့် ဒေသခံ ရှမ်းမျိုး နွယ်စုများအား လူသစ် အဖြစ် ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။ သို့သော် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကတော့ ဒေသခံရှမ်းလူငယ်များအား လူသစ်စုဆောင်းပြီး စစ်သင်တန်းပို့ချခြင်း မရှိပါဟု မီဒီယာများသို့ မျက်နှာပြောင် တိုက်စွာ ညာပြောထားပါသည်။

အဆိုပါ ပြဿနာသည် KIA နှင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ကြားမှာ တစ်စထက် တစ်စ ပိုမိုပြင်းထန်လာပါသည်။ ဖမ်းဆီး ထားသော ရှမ်းလူငယ်များကို ပြန်မလွှတ်ပေးပါက KIA အဖွဲ့အား တော်လှန်တိုက်ခိုက်သွားမည်ဟု ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က အတိအလင်း ထုတ်ဖော်ပြောဆိုလာသည်။

ထို့ကြောင့် လူမျိုးရေးပဋိပက္ခ အသွင်ဆောင်လာသော KIA နှင့် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့တို့၏ မပြေလည်မှုများကို အမြန်ဆုံးဖြေရှင်းပေးနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ ကိုယ့်တိုင်းရင်းသားအချင်းချင်းကြား နားလည်မှုလွဲကာ အမုန်းမပွားစေချင်ပါ။ အမုန်းတရားဆီသို့ ဦးတည်နေသော ရှမ်းမျိုးနွယ်စုများအပေါ် KIA ၏ လူသစ်စုဆောင်းမှု ပြဿနာကို ဝိုင်းဝန်းအဖြေရှာ