နမ္မတူ​ဒေသအတွင်း ကျုး​ကျော်​ဝင်​​ရောက်​လာ​သော TNLA တပ်​ဖွဲ့များကို ရှမ်းပြည်​တပ်​မ​တော် တိုက်​ထုတ်​နိုင်​ခဲ့ဟုဆို

[Zawgyi]





[Unicode]
နားဆိုင်းကျေးရွာ ရွာထိပ် ကားလမ်းနဘေးတွင် ၁၂ . ၃. ၂၀၁၈ နေ့ရက်ကစတင်ပြီး ကျူးကျော်ဝင်ရောက်လာသော TNLAတပ်ဖွဲ့များကို (၁၃) ရက်နေ့တွင် ရှမ်းပြည်တပ်မတော်မှ တိုက်ထုတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ RCSS ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲအတွင်း TNLAတပ်ဖွဲ့ဝင် အများအပြား ကျရှုံးလျက်ရှိပြီး ဒဏ်ရာရသူများကိုလည်း မနိုင်တနိုင်ဆွဲထုတ်ခေါ်ဆောင်သွားခဲ့ရတယ်လို့ သိရပါတယ်။

ယခုအချိန်တွင် နားဆိုင်းကျေးရွာဖက် တိုက်ပွဲများ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

TNLAအဖွဲ့၏ ရုပ်အလောင်း (၂)ဦး၊ လက်နက်ငယ် ၄ လက်၊ ကျည်ဘောက်(၁၆) ကဒ်၊ RPG နဲ့ စစ်ဝတ်တန်ဆာ အသုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ RCSS က ဆိုပါတယ်။

TNLA အဖွဲ့သည် ၂၀၁၆ခုနှစ်မှ စတင်ကာ ရှမ်းဒေသခံများကို ရန်သူသဖွယ် ပြုမူဆက်ဆံ ပြစ်မှတ်ထားပြီး ရက်ဆက်စွာ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။