ေဒၚေအာင္ဆန္းစုၾကည္ကို လူသားခ်င္းစာနာမႈ ခ်ိဳးေဖာက္ေသာ ရာဇ၀တ္မႈနဲ႔ တရားစြဲျခင္း ပယ္ခ်ခံရ

[Zawgyi]
ၾသစေၾတးလ်ႏုိင္ငံကို ေရာက္ရွိတဲ့ ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ၾသစေၾတးလ်ေရွ႕ေနတစ္စုက လူသားခ်င္းစာနာမႈအေပၚ ေဖာက္ဖ်က္က်ဴးလြန္ေသာ ရာဇ၀တ္မႈနဲ႔ တရားစြဲတာကို ၾသစေၾတးလ်ေရွ႕ေနခ်ဳပ္ ခရစၥတင္းေပါတာက ပယ္ခ်လိုက္ပါတယ္။

ဗဟိုတရား႐ုံးတရားသူႀကီးေဟာင္းအပါအ၀င္ ၾသစေၾတးလ်ေရွ႕ေနငါးဦးက မဲလ္ဘုန္းေအာက္တရား႐ုံးေတာ္မွာ ေဒၚေအာင္ဆန္းစုၾကည္ကို ျမန္မာႏိုင္ငံတြင္းက ဘဂၤလီမြတ္စလင္(မူရင္း ႐ုိဟင္ဂ်ာဟု ေဖာ္ျပ)နဲ႔ ဘာသာေရးလူနည္းစုအေပၚ လူသားခ်င္းစာနာမႈကို ခ်ိဳးေဖာက္တဲ့ ရာဇ၀တ္မႈနဲ႔ အမႈစြဲတင္လာတာကို ႏိုင္ငံတကာဥပေဒအရ သက္ေရာက္ခြင့္မရွိျခင္းေၾကာင့္ ေရွ႕ေနခ်ဳပ္က ပယ္ခ်လိုက္တာ ျဖစ္ပါတယ္။

” ေဒၚေအာင္ဆန္းစုၾကည္ဟာ ထုံးတမ္းစဥ္လာ ႏိုင္ငံတကာဥပေဒရ အျပည့္အ၀ ကင္းလြတ္သူပါ။ ႏိုင္ငံအႀကီးအကဲ၊ အစိုးရအႀကီးအကဲနဲ႔ ႏုိင္ငံျခားေရး၀န္ႀကီးေတြကို ႏိုင္ငံရပ္ျခားမွာ ရာဇ၀တ္မႈနဲ႔ စြဲဆိုႏုိင္္ခြင့္ မရွိပါ။ တရားေရးစီရင္ထုံးနဲ႔ ဖမ္းဆီးခ်ဳပ္ေႏွာင္မႈ မလုပ္ႏုိင္ပါ။”ဟု ေပါတာက ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ ၾသစေၾတးလ် ၀န္ႀကီးခ်ဳပ္ မယ္လ္ကြန္ တမ္းဘူးလ္ဟာ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ အာဆီယံေခါင္းေဆာင္ေတြကို ဆစ္ဒနီကို ဖိတ္ၾကားၿပီး အာဆီယံ-ၾသစေၾတးလ် အထူးထိပ္သီးအစည္းအေ၀းပြဲႀကီးတစ္ရပ္ကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနတာ ျဖစ္ပါတယ္။

အဆိုပါ အစည္းအေ၀းကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကေမာၻဒီးယား၀န္ႀကီးခ်ဳပ္ ဟြန္ဆန္တို႔ကို ဦးတည္ထားၿပီး ဆန္႔က်င္ဆႏၵျပမႈေတြလည္း ရွိေနပါတယ္။

[Unicode]
သြစတြေးလျနိုင်ငံကို ရောက်ရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သြစတြေးလျရှေ့နေတစ်စုက လူသားချင်းစာနာမှုအပေါ် ဖောက်ဖျက်ကျူးလွန်သော ရာဇဝတ်မှုနဲ့ တရားစွဲတာကို သြစတြေးလျရှေ့နေချုပ် ခရစ္စတင်းပေါတာက ပယ်ချလိုက်ပါတယ်။

ဗဟိုတရားရုံးတရားသူကြီးဟောင်းအပါအဝင် သြစတြေးလျရှေ့နေငါးဦးက မဲလ်ဘုန်းအောက်တရားရုံးတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံတွင်းက ဘင်္ဂလီမွတ်စလင်(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ)နဲ့ ဘာသာရေးလူနည်းစုအပေါ် လူသားချင်းစာနာမှုကို ချိုးဖောက်တဲ့ ရာဇဝတ်မှုနဲ့ အမှုစွဲတင်လာတာကို နိုင်ငံတကာဥပဒေအရ သက်ရောက်ခွင့်မရှိခြင်းကြောင့် ရှေ့နေချုပ်က ပယ်ချလိုက်တာ ဖြစ်ပါတယ်။

” ဒေါ်အောင်ဆန်းစုကြည်ဟာ ထုံးတမ်းစဉ်လာ နိုင်ငံတကာဥပဒေရ အပြည့်အ၀ ကင်းလွတ်သူပါ။ နိုင်ငံအကြီးအကဲ၊ အစိုးရအကြီးအကဲနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို နိုင်ငံရပ်ခြားမှာ ရာဇဝတ်မှုနဲ့ စွဲဆိုနိုင်ခွင့် မရှိပါ။ တရားရေးစီရင်ထုံးနဲ့ ဖမ်းဆီးချုပ်နှောင်မှု မလုပ်နိုင်ပါ။”ဟု ပေါတာက ပြောပါတယ်။

လက်ရှိအချိန်မှာ သြစတြေးလျ ဝန်ကြီးချုပ် မယ်လ်ကွန် တမ်းဘူးလ်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဆီယံခေါင်းဆောင်တွေကို ဆစ်ဒနီကို ဖိတ်ကြားပြီး အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးပွဲကြီးတစ်ရပ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာ ဖြစ်ပါတယ်။

အဆိုပါ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ကို ဦးတည်ထားပြီး ဆန့်ကျင်ဆန္ဒပြမှုတွေလည်း ရှိနေပါတယ်။