စက္တင္ဘာ ၁ ရက္ေန ့တြင္ ဂ်ပန္ႏိုင္ငံ၌ က်င္းပရန္ စီစဥ္ထားေသာ MMA ၿပိဳင္ပြဲအား ရန္ကုန္ၿမိဳ႕သို႔ ေျပာင္းလဲက်င္းပမည္အားေပးသူဘယ္ေလာက္ရွိလည္သိရေအာင္hiေပး

[Zawgyi]
One Championship အဖြဲ႕အစည္းသည္ စက္တင္ဘာ ၁ ရက္တြင္ ဂ်ပန္ႏိုင္ငံ၌က်င္းပရန္ စီစဥ္ထားသည့္ MMA ၿပိဳင္ပြဲအား ရန္ကုန္ၿမိဳ႕သို႔ ေျပာင္းလဲက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။ ယင္းၿပိဳင္ပြဲတြင္ ၀ိတ္တန္းႏွစ္ခု၌ ကမၻာ့ခ်န္ပီယံဆုရထားသည့္ ေအာင္လအန္ဆန္၏ ခ်န္ပီယံဆုကာကြယ္ပြဲ ထည့္သြင္းက်င္းပမည္ျဖစ္သည္။

One Championship အဖြဲ႕အစည္းသည္ ၂၀၁၈ ခုႏွစ္အတြက္ MMA ၿပိဳင္ပြဲက်င္းပမည့္ ေနရာႏွင့္ရက္အား ႀကိဳတင္ထုတ္ျပန္ရာတြင္ ျမန္မာႏုိင္ငံ၌ ၿပိဳင္ပြဲတစ္ႀကိမ္သာက်င္းပရန္ စီစဥ္ခဲ့ေသာ္လည္း ဂ်ပန္ႏုိင္ငံ၌ က်င္းပမည့္ၿပိဳင္ပြဲအား ဖ်က္သိမ္းကာ ရန္ကုန္ၿမိဳ႕၌ ေျပာင္းလဲက်င္းပျခင္းျဖစ္သည္။ ယခုႏွစ္အတြက္ ျမန္မာႏုိင္ငံ၌ ပထမဆံုးက်င္းပသည့္ MMA ၿပိဳင္ပြဲကို ေဖေဖာ္၀ါရီ ၂၃ ရက္က ရန္ကုန္ၿမိဳ႕၌က်င္းပရာ ေအာင္လအန္ဆန္သည္ ၿပိဳင္ဘက္ဘရာဇီးလ္ႏုိင္ငံသား အလက္ဇႏၵားမာခ်ာဒိုကို အႏုိင္ယူၿပီး လိုက္ဟဲဗီး၀ိတ္တန္း ကမၻာ့ခ်န္ပီယံဆု ရယူႏုိင္ခဲ့သည္။ ေအာင္လအန္ဆန္သည္ လက္ရွိတြင္ မစ္ဒယ္၀ိတ္တန္းႏွင့္ လိုက္ဟဲဗီး၀ိတ္တန္း ကမၻာ့ခ်န္ပီယံဆုမ်ားရထားၿပီး ယခုႏွစ္အတြင္း ခ်န္ပီယံကာကြယ္ပြဲမ်ား ယွဥ္ၿပိဳင္ထိုးသတ္ရမည္ျဖစ္သည္။ ေအာင္လအန္ဆန္သည္ ဇြန္တြင္ မစ္ဒယ္၀ိတ္တန္း ကမၻာ့ခ်န္ပီယံဆုကာကြယ္ပြဲ၊ စက္တင္ဘာတြင္ လိုက္ဟဲဗီး၀ိတ္တန္း ကမၻာ့ခ်န္ပီယံဆုကာကြယ္ပြဲမ်ား ယွဥ္ၿပိဳင္ထိုးသတ္ဖြယ္ရွိေနသည္။ လိုက္ဟဲဗီး၀ိတ္တန္းတြင္ ေအာင္လအန္ဆန္၏ ကမၻာ့ခ်န္ပီယံဆုအား စိန္ေခၚရန္ ၎၏ၿပိဳင္ဘက္ေဟာင္း အန္ဂယ္လာနီက ႀကိဳးပမ္းလ်က္ရွိသည္။

ေအာင္လအန္ဆန္သည္ လက္ရွိတြင္ ျမန္မာႏုိင္ငံသို႔ေရာက္ရွိေနၿပီး ၎၏မိသားစုႏွင့္အတူ ေမြးရပ္ေျမျဖစ္သည့္ ကခ်င္ျပည္နယ္သို႔ သြားေရာက္မည္ျဖစ္သည္။ ေအာင္လအန္ဆန္သည္ ယခုလကုန္အထိ ျမန္မာႏိုင္ငံ၌ ေနထိုင္မည္ျဖစ္ၿပီး ဧၿပီမွစ၍ ျပန္လည္ေလ့က်င့္မည္ျဖစ္သည္။ ေအာင္လအန္ဆန္သည္ ကမၻာ့ခ်န္ပီယံဆုကာကြယ္ႏိုင္ရန္ အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါရွိ UFC ေလ့က်င့္ေရးခန္းမ၌ ေလ့က်င့္မည္ျဖစ္ၿပီး ဇြန္တြင္ထိုးသတ္မည့္ပြဲကို အျခားႏုိင္ငံ၌ က်င္းပမည္ျဖစ္သည္။ ေအာင္လအန္ဆန္သည္ One Championship အဖြဲ႕အစည္းႏွင့္ ၂၀၁၉ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး ၿပိဳင္ပြဲမ်ား ဆက္တိုက္ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။ ေအာင္လအန္ဆန္သည္ ၂၀၁၇ ခုႏွစ္တြင္ မစ္ဒယ္၀ိတ္တန္း၊ ယခုႏွစ္တြင္ လိုက္ဟဲဗီး၀ိတ္တန္း ကမၻာ့ခ်န္ပီယံဆုမ်ားရယူႏိုင္ခဲ့ၿပီး ေနာက္ဆံုးထိုးသတ္ခဲ့သည့္ သံုးပြဲစလံုး အႏုိင္ရထားေၾကာင္း သိရသည္။

[Unicode]
One Championship အဖွဲ့အစည်းသည် စက်တင်ဘာ ၁ ရက်တွင် ဂျပန်နိုင်ငံ၌ကျင်းပရန် စီစဉ်ထားသည့် MMA ပြိုင်ပွဲအား ရန်ကုန်မြို့သို့ ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် ဝိတ်တန်းနှစ်ခု၌ ကမ္ဘာ့ချန်ပီယံဆုရထားသည့် အောင်လအန်ဆန်၏ ချန်ပီယံဆုကာကွယ်ပွဲ ထည့်သွင်းကျင်းပမည်ဖြစ်သည်။

One Championship အဖွဲ့အစည်းသည် ၂၀၁၈ ခုနှစ်အတွက် MMA ပြိုင်ပွဲကျင်းပမည့် နေရာနှင့်ရက်အား ကြိုတင်ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံ၌ ပြိုင်ပွဲတစ်ကြိမ်သာကျင်းပရန် စီစဉ်ခဲ့သော်လည်း ဂျပန်နိုင်ငံ၌ ကျင်းပမည့်ပြိုင်ပွဲအား ဖျက်သိမ်းကာ ရန်ကုန်မြို့၌ ပြောင်းလဲကျင်းပခြင်းဖြစ်သည်။ ယခုနှစ်အတွက် မြန်မာနိုင်ငံ၌ ပထမဆုံးကျင်းပသည့် MMA ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့၌ကျင်းပရာ အောင်လအန်ဆန်သည် ပြိုင်ဘက်ဘရာဇီးလ်နိုင်ငံသား အလက်ဇန္ဒားမာချာဒိုကို အနိုင်ယူပြီး လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ရယူနိုင်ခဲ့သည်။ အောင်လအန်ဆန်သည် လက်ရှိတွင် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများရထားပြီး ယခုနှစ်အတွင်း ချန်ပီယံကာကွယ်ပွဲများ ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ အောင်လအန်ဆန်သည် ဇွန်တွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ၊ စက်တင်ဘာတွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲများ ယှဉ်ပြိုင်ထိုးသတ်ဖွယ်ရှိနေသည်။ လိုက်ဟဲဗီးဝိတ်တန်းတွင် အောင်လအန်ဆန်၏ ကမ္ဘာ့ချန်ပီယံဆုအား စိန်ခေါ်ရန် ၎င်း၏ပြိုင်ဘက်ဟောင်း အန်ဂယ်လာနီက ကြိုးပမ်းလျက်ရှိသည်။

အောင်လအန်ဆန်သည် လက်ရှိတွင် မြန်မာနိုင်ငံသို့ရောက်ရှိနေပြီး ၎င်း၏မိသားစုနှင့်အတူ မွေးရပ်မြေဖြစ်သည့် ကချင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် ယခုလကုန်အထိ မြန်မာနိုင်ငံ၌ နေထိုင်မည်ဖြစ်ပြီး ဧပြီမှစ၍ ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံဆုကာကွယ်နိုင်ရန် အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ UFC လေ့ကျင့်ရေးခန်းမ၌ လေ့ကျင့်မည်ဖြစ်ပြီး ဇွန်တွင်ထိုးသတ်မည့်ပွဲကို အခြားနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ အောင်လအန်ဆန်သည် One Championship အဖွဲ့အစည်းနှင့် ၂၀၁၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ်တွင် မစ်ဒယ်ဝိတ်တန်း၊ ယခုနှစ်တွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများရယူနိုင်ခဲ့ပြီး နောက်ဆုံးထိုးသတ်ခဲ့သည့် သုံးပွဲစလုံး အနိုင်ရထားကြောင်း သိရသည်။