လမ္းေဖါက္ေနတဲ့တပ္ေတြ ဆုတ္ေပးဖို႔ KNU ေတာင္းဆို

[Zawgyi]
ကရင္ျပည္နယ္ ဖာပြန္ခရိုင္က KNU ကရင္အမ်ိဳးသားအစည္းအရံုးရဲ႕ တပ္မဟာ ၅ ထိန္းခ်ဳပ္နယ္ေျမမွာ တပ္မေတာ္ဘက္က လမ္းေဖာက္လုပ္ဖို႔ ျပင္ဆင္ေနတဲ့အတြက္ ႏွစ္ဖက္တပ္ေတြအၾကား စစ္ေရးတင္းမာေနၿပီး တပ္မေတာ္ဘက္က စစ္ေၾကာင္းေတြကို ျပန္ရုပ္သိမ္းေပးဖို႔ KNU က ေတာင္းဆိုပါတယ္။

အဲဒီေဒသမွာ လမ္းေဖာက္ဖို႔အတြက္ ႏွစ္ဖက္တပ္ေတြညိွႏိႈင္းမႈ မေျပလည္ေသးခ်ိန္မွာ အခုလို တပ္မေတာ္ဘက္က အလံုးအရင္းနဲ႔ လာေရာက္တပ္စြဲတဲ့အတြက္ ျပန္လည္ညိွႏိႈင္းဖို႔ ေတာင္းဆိုတာလို႔ KNU အေထြေထြအတြင္းေရး မွဴးခ်ဳပ္ ပဒိုေစာတာဒိုမူးက ေျပာပါတယ္။

“လမ္းလုပ္တ့ဲကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ႏွစ္ဖက္ၾကားမွာ တင္းမာမႈေလးေတြျဖစ္လာေတာ့ အနီးနားက ရြာေလးေတြက ေၾကာက္လန္႔ၿပီး ေခ်ာင္းခ်ိဳေခ်ာင္းၾကား ေလွ်ာက္ၿပီးေတာ့ ထြက္ေျပးၾကရတဲ့ အေန အထားတစ္ခုအထိ ျဖစ္လာတာေပ့ါေနာ္၊ ညိွႏိႈင္းၿပီးေတာ့ ေျဖရွင္းလို႔ရနိုင္တဲ့ကိစၥပဲျဖစ္ပါတယ္’’

တပ္မေတာ္ဘက္က ၿပီးခဲ့တဲ့ မတ္လ ၄ ရက္ေန႔က ဖာပြန္ေဒသဘက္မွာ လမ္းေဖာက္လုပ္ဖို႔ KNU တပ္မဟာ ၅ ဆီ အေၾကာင္းၾကားခဲ့ပါတယ္။ ဒါေပမဲ့ ခုလိုအခ်ိန္မ်ိဳးမွာ မလုပ္သင့္ေသးေၾကာင္း ျပန္လည္အေၾကာင္းျပန္ခဲ့ေပမယ့္ လည္း တပ္မေတာ္က တပ္ရင္းလိုက္ ဝင္ေရာက္လာတာလို႔ ေျပာပါတယ္။

NCA လုပ္ငန္းစဥ္အရ ႏွစ္ဖက္ယံုၾကည္မႈ တည္ေဆာက္ေနခ်ိန္ တပ္မေတာ္ဘက္က အခုလိုလုပ္ေဆာင္တာဟာ NCA ကို ခ်ိဳးေဖာက္သလိုျဖစ္ေနတယ္လို႔ ပဒိုေစာတာဒိုမူးက ေျပာပါတယ္။

ႏွစ္ဖက္တပ္ေတြ ပစ္ခတ္တာေတြရွိခဲ့လို႔ အနီးအနားေဒသခံေက်းရြာ ၁၄ ခုက လူေပါင္း ၂၀၀၀ နီးပါး ထြက္ေျပးေန ၾကရတယ္လို႔ ေၾကညာခ်က္မွာပါရွိပါတယ္။

KNU ဟာ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္က အစိုးရနဲ႔ တစ္ႏုိင္ငံလံုး အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ NCA လက္မွတ္ေရးထိုးထား တဲ့အဖြဲ႔ျဖစ္ပါတယ္။

KNU ဘက္ကေတာ့ ဒီကိစၥေျပလည္ဖို႔အတြက္ NCA မူအတိုင္းသာ အဆင့္ဆင့္ေျဖရွင္းဖို႔ စီစဥ္ထားတယ္လို႔ ေျပာ ပါတယ္။

[Unicode]
ကရင်ပြည်နယ် ဖာပွန်ခရိုင်က KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ တပ်မတော်ဘက်က လမ်းဖောက်လုပ်ဖို့ ပြင်ဆင်နေတဲ့အတွက် နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေပြီး တပ်မတော်ဘက်က စစ်ကြောင်းတွေကို ပြန်ရုပ်သိမ်းပေးဖို့ KNU က တောင်းဆိုပါတယ်။

အဲဒီဒေသမှာ လမ်းဖောက်ဖို့အတွက် နှစ်ဖက်တပ်တွေညှိနှိုင်းမှု မပြေလည်သေးချိန်မှာ အခုလို တပ်မတော်ဘက်က အလုံးအရင်းနဲ့ လာရောက်တပ်စွဲတဲ့အတွက် ပြန်လည်ညှိနှိုင်းဖို့ တောင်းဆိုတာလို့ KNU အထွေထွေအတွင်းရေး မှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။

“လမ်းလုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်ကြားမှာ တင်းမာမှုလေးတွေဖြစ်လာတော့ အနီးနားက ရွာလေးတွေက ကြောက်လန့်ပြီး ချောင်းချိုချောင်းကြား လျှောက်ပြီးတော့ ထွက်ပြေးကြရတဲ့ အနေ အထားတစ်ခုအထိ ဖြစ်လာတာပေ့ါနော်၊ ညှိနှိုင်းပြီးတော့ ဖြေရှင်းလို့ရနိုင်တဲ့ကိစ္စပဲဖြစ်ပါတယ်’’

တပ်မတော်ဘက်က ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ဖာပွန်ဒေသဘက်မှာ လမ်းဖောက်လုပ်ဖို့ KNU တပ်မဟာ ၅ ဆီ အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့ ခုလိုအချိန်မျိုးမှာ မလုပ်သင့်သေးကြောင်း ပြန်လည်အကြောင်းပြန်ခဲ့ပေမယ့် လည်း တပ်မတော်က တပ်ရင်းလိုက် ဝင်ရောက်လာတာလို့ ပြောပါတယ်။

NCA လုပ်ငန်းစဉ်အရ နှစ်ဖက်ယုံကြည်မှု တည်ဆောက်နေချိန် တပ်မတော်ဘက်က အခုလိုလုပ်ဆောင်တာဟာ NCA ကို ချိုးဖောက်သလိုဖြစ်နေတယ်လို့ ပဒိုစောတာဒိုမူးက ပြောပါတယ်။

နှစ်ဖက်တပ်တွေ ပစ်ခတ်တာတွေရှိခဲ့လို့ အနီးအနားဒေသခံကျေးရွာ ၁၄ ခုက လူပေါင်း ၂၀၀၀ နီးပါး ထွက်ပြေးနေ ကြရတယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

KNU ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထား တဲ့အဖွဲ့ဖြစ်ပါတယ်။

KNU ဘက်ကတော့ ဒီကိစ္စပြေလည်ဖို့အတွက် NCA မူအတိုင်းသာ အဆင့်ဆင့်ဖြေရှင်းဖို့ စီစဉ်ထားတယ်လို့ ပြော ပါတယ်။