ဖာပြန္ခရိုင္မွာ တပ္မေတာ္က KNU စစ္ေဆးေရးဂိတ္ကို မီးရိႈ႕

[Zawgyi]
ကရင္ျပည္နယ္ ဖာပြန္ခရုိင္မွာ ဒီလ ၁၅ရက္ေန႔က အစိုးရတပ္မေတာ္နဲ႔ ကရင္အမ်ိဳးသားအစည္းအရံုး KNU တို႔အၾကားမွာ တိုက္ပဲြျဖစ္ပြားၿပီး တပ္မေတာ္ဖက္က KUNဖက္က စစ္ေဆးေရးဂိတ္ကို မီးရိႈ႔ခဲ့ပါတယ္။ KNU ဖက္ကေတာ့ တပ္မေတာ္ဖက္က စစ္ေရးလႈပ္ရွားမႈေတြ ရပ္ဆိုင္းဖို႔နဲ႔ တပ္ေတြ ျပန္လည္ရုတ္သိမ္းဖို႔ ေတာင္းဆိုထားပါတယ္။ လက္ရိွ ဖာပြန္ခရုိင္အတြင္းမွာ ျဖစ္ေပၚေနတဲ့ အေျခအေနကို ဗီြအုိေအ ျမန္မာပိုင္းရ့ဲသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

ဖာပြန္ခရိုင္အတြင္းမွာ အစိုးရတပ္မေတာ္နဲ႔ ကရင္အမ်ိဳးသားအစည္းအရံုး KNU အၾကားမွာ ဒီလ ၅ရက္ေန႔ကတည္းက တုိက္ပဲြေတြ စတင္ခဲ့တာပါ။ ဒီလ ၈ရက္ေန႔ေနာက္ပိုင္းမွာ တုိက္ပဲြေတြ ၿငိမ္သက္ခဲ့ရာက ၁၅ရက္ေန႔ေန႔ခင္းမွာေတာ့ တိုက္ပဲြတၾကိမ္ထပ္မံျဖစ္ပြားခဲ့တာပါ။

ၾကာသပေတးေန႔က တိုက္ပဲြျဖစ္ပြားတဲ့အေျခအေနကို ဖာပြန္ခရိုင္အေျခစိုက္ KNU တပ္မဟာ ၅ က စစ္ဖက္ဆုိင္ရာ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မႈးေစာကလယ္ဒိုက အခုလို ေျပာပါတယ္။

“ ၁၅ရက္ေန႔ ေန႔လည္ ၁၂နာရီ မိနစ္ ၃၀မွာ က်ေနာ္တုိ႔ဖက္က ၀ါေစာခုိနဲ႔ မယ္ထီးခီးၾကားမွာ ဂိတ္တခုထားတယ္။ အဲဒီမွာ တုိက္ပဲြျဖစ္တယ္။ မိနစ္ ၂၀နီးနီးေလာက္ေပါ့ အဲေလာက္ၾကာတာေပါ့။ အဲဒီ က်ေနာ္တုိ႔ ဂိတ္မွာ ထုိင္တဲ့လူေတြက ဆုတ္သြားၿပီးေတာ့ အစိုးရတပ္ဖက္က ဂိတ္မွာရိွတဲ့ တဲတုိ႔ဘာတို႔ ၿခံစည္းရိုးတို႔ကို မီးရိႈ႔ပစ္လုိက္တယ္ေလ။ အဲလို လုပ္တယ္။”

ဗိုလ္မႈးေစာကလယ္ဒိုက တိုက္ပဲြျဖစ္ပြားရတဲ့ အေၾကာင္းရင္းကို အခုလုိ ဆက္ေျပာပါတယ္။

“ တပ္မႈးေတြရဲ့ ေျပာျပခ်က္အရေပါ့ေလ။ ေမာလခိုးစခန္းမွာထိုင္ေနတဲ့ ခမရ ၂၀၃က လူေတြက ဒီ သေရာဘူကို သြားခ်င္တယ္လုိ႔ ေျပာတယ္။ က်ေနာ္တုိ႔ လူဖက္ကေနၿပီးေတာ့ ခြင့္မျပဳဘူး မသြားပါနဲ႔ အဲဒီဖက္ကို အဲလုိေျပာတဲ့အခါက် သူတုိ႔က ဟိုးအထက္အမိန္႔အရ သူတို႔ သြားရမယ္တဲ့။ မသြားလုိ႔ မျဖစ္ဘူးတဲ့။ မသြားနဲ႔ ခင္ဗ်ားတို႔ လာလုိ႔ ရိွရင္ေတာ့ က်ေနာ္တုိ႔ ပစ္မွာပဲ အဲလို သူတုိ႔ကို ေျပာတယ္။ ေအးပစ္ရင္လည္း ပစ္ပါေစ။ ပစ္ရင္လည္း ငါတို႔လည္း မင္းတုိ႔ကို ျပန္ပစ္မယ္ဆုိၿပီးေတာ့ လာ၀ိုင္းတာေပါ့ေလ။ ၀ိုင္းေတာ့ ၿခံစည္းရိုးနားလည္း ေရာက္တဲ့အခါက် က်ေနာ္တုိ႔ လူဖက္က ပစ္တာေပါ့။ ပစ္ေတာ့ သူတုိ႔ ျပန္ပစ္တယ္။”

KNU ဖက္က ဖာပြန္ခရိုင္အတြင္းမွာ လက္ရိွတင္းမာမႈေတြ ျဖစ္ေပၚေနရတာဟာ တပ္မေတာ္ဖက္က စစ္ေရးအတြက္ ရည္ရြယ္ၿပီးလမ္းေဖာက္လုပ္ဖို႔ ေဆာင္ရြက္လာတာေၾကာင့္ျဖစ္ေၾကာင္းနဲ႔ ဒီအတြက္ ႏွစ္ဖက္သေဘာတူညီခ်က္ မရေသးမီ တပ္အင္အားတိုးခ်ဲ့ လာတာေၾကာင့္ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသလို စစ္ေရးလႈပ္ရွားမႈေတြ ရပ္ဆိုင္းဖို႔နဲ႔ တပ္ေတြ ျပန္လည္ရုတ္သိမ္းဖို႔ ေတာင္းဆိုထားပါတယ္။

လက္ရိွ ျဖစ္ေပၚေနတဲ့ အေျခအေနနဲ႔ပတ္သက္ၿပီး တပ္မေတာ္ဖက္ကို ေမးျမန္းဖို႔ ဆက္သြယ္ရာမွာေတာ့ ဆက္သြယ္လုိ႔ မရခဲ့ပါဘူး။

တစ္ႏိုင္ငံလံုးပစ္ခိုက္တိုက္ခုိက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ကို လက္မွတ္ေရးထိုးထားတဲ့ ပအို၀္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္က နာယက ဗုိလ္မႈးၾကီးခြန္ဥကၠာကေတာ့ ဖာပြန္ခရိုင္မွာ ျဖစ္ေပၚေနတဲ့ စစ္ေရးတင္းမာမႈအေပၚ အခုလုိ သံုးသပ္ပါတယ္။

“ တစံုလံုးကို ၾကည့္ရင္ မႏွစ္ကလည္း KNLA က တပ္မႈးၾကီးမ်ား ညီလာခံ တခုလုပ္တာ သတင္းၾကားလုိက္တယ္ထင္တယ္။ အဲဒီ တပ္မႈးညီလာခံက ထြက္တဲ့ ရလဒ္က သိပ္ၿပီး အျပဳသေဘာမေဆာင္ဘူးေလဗ်ာ။ သတိထားမိမွာေပါ့။ ေနာက္တခါ KNU ဦးေဆာင္ေနတဲ့ PPST ဆိုတာ ရိွတယ္ဗ်။ အဲဒီ PPST ရဲ့ ဇန္န၀ါရီ ၁၁- ၁၂ေၾကညာခ်က္ကို တခါျပန္ၾကည့္၊ အဲဒီေၾကညာခ်က္ကလည္း အျပဳသေဘာမေဆာင္ဘဲနဲ႔ ရွမ္းနဲ႔ ရခုိင္က အမ်ိဳးသားအဆင့္ မလုပ္ရရင္ မလုပ္ဘူး။ Confrontation ကို တင္တဲ့ ပံုစံမ်ိဳးျဖစ္ေနတယ္။ အလုပ္ျဖစ္ေအာင္ ၀ိုင္း၀န္းပူးေပါင္းေဆာင္ရြက္မယ္ဆုိတဲ့ ခ်ဥ္းကပ္မႈထက္ကို ျပႆနာရွာမယ့္ ခ်ဥ္းကပ္မႈမ်ိဳးကို နည္းနည္းျမင္ရတယ္ဗ်။ က်ေနာ္တုိ႔ကိုယ္တိုင္လည္း အဲသလုိ ျမင္တယ္။ အဲဒါ အဲဒီအေပၚမွာ တပ္ကလည္း သူ႔လမ္းေၾကာင္းနဲ႔ သူတံု႔ျပန္တာလည္း ျဖစ္ႏိုင္တာေပါ့ဗ်ာ။”

KNLA ဟာ KNU လက္ေအာက္ခံ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ဖဲြ႔ျဖစ္ၿပီး PPSTကေတာ့ NCA လက္မွတ္ ေရးထိုးထားတဲ့ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြရဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇန္န၀ါရီလ ပထမပတ္က က်င္းပတဲ့ KNLA တပ္မႈးညီလာခံက NCA ကို အေျခခံတဲ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ဟာ လက္နက္ျဖဳတ္သိမ္းေရးကို ဦးတည္ေနတဲ့အတြက္ လက္မခံေၾကာင္း ဆံုးျဖတ္ခဲ့သလို PPST ရဲ့ ေၾကညာခ်က္ကေတာ့ လူထုေတြ႔ဆံုပဲြေတြနဲ႔ အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပဲြေတြ က်င္းပႏိုင္မွသာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ရာစုပင္လံု တတိယအစည္းအေ၀းဆက္လက္ က်င္းပဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

ဒီအခက္အခဲေတြ ေက်ာ္လြန္ဖို႔ အတြက္ ဗိုလ္မႈးၾကီးခြန္ဥကၠာက အခုလုိ ေျပာဆုိပါတယ္။

“ NCA အေပၚမွာ ယံုယံုၾကည္ၾကည္န႔ဲ NCA အေကာင္အထည္ေဖာ္ျခင္းကို က်ေနာ္တို႔ ျပန္စရမွာေပါ့။ ”

ေလာေလာဆည္မွာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ရာစုပင္လံု တတိယအစည္းအေ၀းကို ေမလဆန္းပိုင္းမွာ က်င္းပဖို႔ ျပင္ဆင္ေနၿပီး အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပဲြအၾကိဳ လူထုေတြ႔ဆံုပဲြေတြ က်င္းပေရးဟာ အစိုးရ၊ တပ္မေတာ္နဲ႔ NCA လက္မွတ္ေရးထုိးထားတဲ့အဖဲြ႔ေတြအၾကား ျပန္လည္ ညိွႏိႈင္းရမယ့္ အေျခအေနေတြ ရိွေနတာျဖစ္ပါတယ္။

[Unicode]
ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ဒီလ ၁၅ရက်နေ့က အစိုးရတပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြားမှာ တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်ဖက်က KUNဖက်က စစ်ဆေးရေးဂိတ်ကို မီးရှို့ခဲ့ပါတယ်။ KNU ဖက်ကတော့ တပ်မတော်ဖက်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းဖို့နဲ့ တပ်တွေ ပြန်လည်ရုတ်သိမ်းဖို့ တောင်းဆိုထားပါတယ်။ လက်ရှိ ဖာပွန်ခရိုင်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖာပွန်ခရိုင်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အကြားမှာ ဒီလ ၅ရက်နေ့ကတည်းက တိုက်ပွဲတွေ စတင်ခဲ့တာပါ။ ဒီလ ၈ရက်နေ့နောက်ပိုင်းမှာ တိုက်ပွဲတွေ ငြိမ်သက်ခဲ့ရာက ၁၅ရက်နေ့နေ့ခင်းမှာတော့ တိုက်ပွဲတကြိမ်ထပ်မံဖြစ်ပွားခဲ့တာပါ။

ကြာသပတေးနေ့က တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို ဖာပွန်ခရိုင်အခြေစိုက် KNU တပ်မဟာ ၅ က စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစောကလယ်ဒိုက အခုလို ပြောပါတယ်။

“ ၁၅ရက်နေ့ နေ့လည် ၁၂နာရီ မိနစ် ၃၀မှာ ကျနော်တို့ဖက်က ဝါစောခိုနဲ့ မယ်ထီးခီးကြားမှာ ဂိတ်တခုထားတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ မိနစ် ၂၀နီးနီးလောက်ပေါ့ အဲလောက်ကြာတာပေါ့။ အဲဒီ ကျနော်တို့ ဂိတ်မှာ ထိုင်တဲ့လူတွေက ဆုတ်သွားပြီးတော့ အစိုးရတပ်ဖက်က ဂိတ်မှာရှိတဲ့ တဲတို့ဘာတို့ ခြံစည်းရိုးတို့ကို မီးရှို့ပစ်လိုက်တယ်လေ။ အဲလို လုပ်တယ်။”

ဗိုလ်မှုးစောကလယ်ဒိုက တိုက်ပွဲဖြစ်ပွားရတဲ့ အကြောင်းရင်းကို အခုလို ဆက်ပြောပါတယ်။

“ တပ်မှုးတွေရဲ့ ပြောပြချက်အရပေါ့လေ။ မောလခိုးစခန်းမှာထိုင်နေတဲ့ ခမရ ၂၀၃က လူတွေက ဒီ သရောဘူကို သွားချင်တယ်လို့ ပြောတယ်။ ကျနော်တို့ လူဖက်ကနေပြီးတော့ ခွင့်မပြုဘူး မသွားပါနဲ့ အဲဒီဖက်ကို အဲလိုပြောတဲ့အခါကျ သူတို့က ဟိုးအထက်အမိန့်အရ သူတို့ သွားရမယ်တဲ့။ မသွားလို့ မဖြစ်ဘူးတဲ့။ မသွားနဲ့ ခင်ဗျားတို့ လာလို့ ရှိရင်တော့ ကျနော်တို့ ပစ်မှာပဲ အဲလို သူတို့ကို ပြောတယ်။ အေးပစ်ရင်လည်း ပစ်ပါစေ။ ပစ်ရင်လည်း ငါတို့လည်း မင်းတို့ကို ပြန်ပစ်မယ်ဆိုပြီးတော့ လာဝိုင်းတာပေါ့လေ။ ဝိုင်းတော့ ခြံစည်းရိုးနားလည်း ရောက်တဲ့အခါကျ ကျနော်တို့ လူဖက်က ပစ်တာပေါ့။ ပစ်တော့ သူတို့ ပြန်ပစ်တယ်။”

KNU ဖက်က ဖာပွန်ခရိုင်အတွင်းမှာ လက်ရှိတင်းမာမှုတွေ ဖြစ်ပေါ်နေရတာဟာ တပ်မတော်ဖက်က စစ်ရေးအတွက် ရည်ရွယ်ပြီးလမ်းဖောက်လုပ်ဖို့ ဆောင်ရွက်လာတာကြောင့်ဖြစ်ကြောင်းနဲ့ ဒီအတွက် နှစ်ဖက်သဘောတူညီချက် မရသေးမီ တပ်အင်အားတိုးချဲ့ လာတာကြောင့် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသလို စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းဖို့နဲ့ တပ်တွေ ပြန်လည်ရုတ်သိမ်းဖို့ တောင်းဆိုထားပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တပ်မတော်ဖက်ကို မေးမြန်းဖို့ ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တစ်နိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာကတော့ ဖာပွန်ခရိုင်မှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှုအပေါ် အခုလို သုံးသပ်ပါတယ်။

“ တစုံလုံးကို ကြည့်ရင် မနှစ်ကလည်း KNLA က တပ်မှုးကြီးများ ညီလာခံ တခုလုပ်တာ သတင်းကြားလိုက်တယ်ထင်တယ်။ အဲဒီ တပ်မှုးညီလာခံက ထွက်တဲ့ ရလဒ်က သိပ်ပြီး အပြုသဘောမဆောင်ဘူးလေဗျာ။ သတိထားမိမှာပေါ့။ နောက်တခါ KNU ဦးဆောင်နေတဲ့ PPST ဆိုတာ ရှိတယ်ဗျ။ အဲဒီ PPST ရဲ့ ဇန်နဝါရီ ၁၁- ၁၂ကြေညာချက်ကို တခါပြန်ကြည့်၊ အဲဒီကြေညာချက်ကလည်း အပြုသဘောမဆောင်ဘဲနဲ့ ရှမ်းနဲ့ ရခိုင်က အမျိုးသားအဆင့် မလုပ်ရရင် မလုပ်ဘူး။ Confrontation ကို တင်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ အလုပ်ဖြစ်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ချဉ်းကပ်မှုထက်ကို ပြဿနာရှာမယ့် ချဉ်းကပ်မှုမျိုးကို နည်းနည်းမြင်ရတယ်ဗျ။ ကျနော်တို့ကိုယ်တိုင်လည်း အဲသလို မြင်တယ်။ အဲဒါ အဲဒီအပေါ်မှာ တပ်ကလည်း သူ့လမ်းကြောင်းနဲ့ သူတုံ့ပြန်တာလည်း ဖြစ်နိုင်တာပေါ့ဗျာ။”

KNLA ဟာ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ဖြစ်ပြီး PPSTကတော့ NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်က ကျင်းပတဲ့ KNLA တပ်မှုးညီလာခံက NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ လက်နက်ဖြုတ်သိမ်းရေးကို ဦးတည်နေတဲ့အတွက် လက်မခံကြောင်း ဆုံးဖြတ်ခဲ့သလို PPST ရဲ့ ကြေညာချက်ကတော့ လူထုတွေ့ဆုံပွဲတွေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်မှသာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးဆက်လက် ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီအခက်အခဲတွေ ကျော်လွန်ဖို့ အတွက် ဗိုလ်မှုးကြီးခွန်ဥက္ကာက အခုလို ပြောဆိုပါတယ်။

“ NCA အပေါ်မှာ ယုံယုံကြည်ကြည်နဲ့ NCA အကောင်အထည်ဖော်ခြင်းကို ကျနော်တို့ ပြန်စရမှာပေါ့။ ”

လောလောဆည်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို မေလဆန်းပိုင်းမှာ ကျင်းပဖို့ ပြင်ဆင်နေပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေ ကျင်းပရေးဟာ အစိုးရ၊ တပ်မတော်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေအကြား ပြန်လည် ညှိနှိုင်းရမယ့် အခြေအနေတွေ ရှိနေတာဖြစ်ပါတယ်။