အီရန္အေပၚ ဒဏ္ခတ္မႈသစ္ ခ်မွတ္ဖို႔ EU အဆိုျပဳ

[Zawgyi]
ျဗိတိန္ ၊ ျပင္သစ္နဲ႔ ဂ်ာမဏီ နိုင္ငံတို႔က ဆီးရီးယားစစ္ပြဲအတြင္းက အီရန္ရဲ့ အခန္းက႑ နဲဲ ႔ ပဲ႔ထိန္းတပ္ဒံုးက်ည္ ကိစၥေတြအတြက္ အီရန္နိုင္ငံအေပၚEU အေနနဲ႔ စီးပြါးေရးပိတ္ဆို႕မွဳ အသစ္ေတြခ်မွတ္ဖို႔အဆိုျပဳလိုက္ေၾကာင္း လိွ်ဳ႕၀ွက္စာရြက္စာတမ္းေတြအရသိရတယ္လို႔ ရိုက္တာသတင္းက ဆိုပါတယ္။

ဒါဟာ ၂၀၁၅ ခုနွစ္က အီရန္နိုင္ငံနဲ႕ခ်ဳပ္ဆိုထားတဲ့ ႏ်ဴကလီးယားစာခ်ုဳပ္ကိုအေမရိကန္ဘက္ကဆက္လက္ ထားရွိဖို႔ဆြဲေဆာင္တဲ့ သေဘာလည္းျဖစ္ပါတယ္၊၊ ရိုက္တာသတင္းရဲ႕ အဆိုအရ ဒီအဆိုျပဳခ်က္ကိုု EU အဖြဲ႔၀င္ၿမိဳ႔ေတာ္ေတြဆီကို ေသာၾကာေန႔က ေပးပို႔ၿပီး ျဖစ္တယ္လို႔သိရပါတယ္၊၊

ဒီအဆိုျပဳခ်က္ဟာ အင္အားၾကီးႏိုင္ငံေတြ လက္မွတ္ေရးထိုးထားတဲ့ အီရန္ကို ႏ်ဴကလီးယားလက္နက္ထုတ္လုပ္မႈ ပိတ္ပင္ထားတဲ့ သေဘာတူညီခ်က္ကို ဆက္လက္ထားရွိဖို႔ EU ရဲ့ မဟာဗ်ဴဟာရဲ႕ တစိတ္တေဒသလည္းျဖစ္တယ္လို႔ ဆိုရမွာပါ၊၊

စီးပြါးေရး ပိ္တ္ဆို႔မွဳေတြဟာ စစ္တပ္ဖြဲ႔ ေတြနဲ႔ တပ္မွဴးေတြကို ပစ္မွတ္ထားမွာပါ၊၊ တဦးခ်င္းစီကို ခရီးသြားလာခြင္႔ပိတ္ပင္တာေတြ၊ လုပ္ပိုင္ခြင္႔တားျမစ္တာေတြအျပင္ ပုဂၢလိကကုမၸဏီေတြအေနနဲ႔ စီးပြါးေရးလုပ္ကိုင္ခြင္႔ေတြကို တားျမစ္တဲ့ နည္းလမ္းေတြနဲ႔ တုံ႔ျပန္သြားမယ္လို႕ ဒီစာရြက္စာတမ္းေတြအရသိရေၾကာင္း ေဖာ္ျပထားပါတယ္၊၊

အီရန္ရဲ့ အေရွ ႔အလယ္ပို္င္းက လုပ္ရပ္ေတြေၾကာင္႔ မတည္ျငိမ္မွဳေတြျဖစ္ေစတယ္ဆိုတဲ့ အေနာက္နိုင္ငံေတြရဲ့ စြပ္စြဲခ်က္ေတြ နဲ႕ စာခ်ဳပ္ပါအခ်က္အလက္ေတြကို ျပင္ဆင္ဖို သမၼတထရမ့္ရဲ့ ေတာင္းဆိုခ်က္ေတြကိုေတာ႔ အီရန္က ပယ္ခ်ုထားပါတယ္၊၊

[Unicode]
ဗြိတိန် ၊ ပြင်သစ်နဲ့ ဂျာမဏီ နိုင်ငံတို့က ဆီးရီးယားစစ်ပွဲအတွင်းက အီရန်ရဲ့ အခန်းကဏ္ဍ နဲ့ ပဲ့ထိန်းတပ်ဒုံးကျည် ကိစ္စတွေအတွက် အီရန်နိုင်ငံအပေါ်EU အနေနဲ့ စီးပွါးရေးပိတ်ဆို့မှု အသစ်တွေချမှတ်ဖို့အဆိုပြုလိုက်ကြောင်း လိျှု့ဝှက်စာရွက်စာတမ်းတွေအရသိရတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

ဒါဟာ ၂၀၁၅ ခုနှစ်က အီရန်နိုင်ငံနဲ့ချုပ်ဆိုထားတဲ့ နျူကလီးယားစာချုပ်ကိုအမေရိကန်ဘက်ကဆက်လက် ထားရှိဖို့ဆွဲဆောင်တဲ့ သဘောလည်းဖြစ်ပါတယ်၊၊ ရိုက်တာသတင်းရဲ့ အဆိုအရ ဒီအဆိုပြုချက်ကို EU အဖွဲ့ဝင်မြို့တော်တွေဆီကို သောကြာနေ့က ပေးပို့ပြီး ဖြစ်တယ်လို့သိရပါတယ်၊၊

ဒီအဆိုပြုချက်ဟာ အင်အားကြီးနိုင်ငံတွေ လက်မှတ်ရေးထိုးထားတဲ့ အီရန်ကို နျူကလီးယားလက်နက်ထုတ်လုပ်မှု ပိတ်ပင်ထားတဲ့ သဘောတူညီချက်ကို ဆက်လက်ထားရှိဖို့ EU ရဲ့ မဟာဗျူဟာရဲ့ တစိတ်တဒေသလည်းဖြစ်တယ်လို့ ဆိုရမှာပါ၊၊

စီးပွါးရေး ပိတ်ဆို့မှုတွေဟာ စစ်တပ်ဖွဲ့ တွေနဲ့ တပ်မှူးတွေကို ပစ်မှတ်ထားမှာပါ၊၊ တဦးချင်းစီကို ခရီးသွားလာခွင့်ပိတ်ပင်တာတွေ၊ လုပ်ပိုင်ခွင့်တားမြစ်တာတွေအပြင် ပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့ စီးပွါးရေးလုပ်ကိုင်ခွင့်တွေကို တားမြစ်တဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန်သွားမယ်လို့ ဒီစာရွက်စာတမ်းတွေအရသိရကြောင်း ဖော်ပြထားပါတယ်၊၊

အီရန်ရဲ့ အရှေ့အလယ်ပိုင်းက လုပ်ရပ်တွေကြောင့် မတည်ငြိမ်မှုတွေဖြစ်စေတယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက်တွေ နဲ့ စာချုပ်ပါအချက်အလက်တွေကို ပြင်ဆင်ဖို သမ္မတထရမ့်ရဲ့ တောင်းဆိုချက်တွေကိုတော့ အီရန်က ပယ်ချုထားပါတယ်၊၊