NEWS

ထီးခ်ိဳင့္တြင္ စစ္တပ္ႏွင့္ ေတာ္လွန္ေရးအဖြဲ႕မ်ား တိုက္ပြဲ ဆက္လက္ျပင္းထန္ေနၿပီး တိုက္ေလယာဥ္ျဖင့္ ဗုံးမ်ား ဆက္တိုက္က်ဲခ်၊ စစ္သားတခ်ိဳ႕ တိုက္ ေလယာဥ္က ပစ္ခ်ေသာ ဗုံးထိမွန္၍ ေသဆုံး

ရန္ကုန္၊ ႏိုဝင္ဘာ ၁၀


စစ္ကိုင္းတိုင္း၊ ထီးခ်ိဳင့္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္တပ္ႏွင့္ ေတာ္လွန္ေရးအဖြဲ႕မ်ား ၃ ရက္ေျမာက္အျဖစ္ ဆက္လက္ တိုက္ပြဲျပင္းထန္ေနၿပီး စစ္တပ္က ေလယာဥ္မ်ားျဖင့္ ဗုံးက်ဲျခင္း၊ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ျခင္းမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ထီးခ်ိဳင့္- ျပည္သူ႕ကာကြယ္ေရးမွ တာဝန္႐ွိသူက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။


ႏိုဝင္ဘာလ ၈ ရက္ေန႔မွစတင္ၿပီး ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက ထီးခ်ိဳင့္ၿမိဳ႕ကို ၿမိဳ႕သိမ္းတိုက္ပြဲ ဆင္ႏႊဲရန္ စတင္တိုက္ခိုက္ၿပီး ယေန႔ ႏိုဝင္ဘာလ ၁၀ ရက္ေန႔တြင္လည္း ၃ ရက္ဆက္တိုက္ တိုက္ပြဲမ်ား ျပင္းထန္ေနေၾကာင္း၊ ထီးခ်ိဳင့္ၿမိဳ႕မွ ျပည္သူမ်ား ပိတ္မိေနေၾကာင္း သိ႐ွိရသည္။


“ေလယာဥ္ေတြနဲ႔ ဗုံးက်ဲတာ မီး႐ိႈ႕ေနပါတယ္။ အလြန္ဆိုး႐ြားေနပါတယ္။ ေလာေလာဆယ္ ၿမိဳ႕ထဲက်န္ခဲ့တဲ့ ျပည္သူေတြက ဘုန္းႀကီးေက်ာင္းေတြမွာ ပုန္းေ႐ွာင္ပိတ္မိေနပါတယ္” ဟု ထီးခ်ိဳင့္- ျပည္သူ႕ကာကြယ္ေရးမွ တာဝန္႐ွိသူက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ေျပာၾကားသည္။


စစ္တပ္က လက္နက္ႀကီးမ်ားျဖင့္ ႏိုဝင္ဘာ ၉ ရက္ေန႔ ညပိုင္းကတည္းက လက္႐ွိအခ်ိန္အထိ အဆက္အျပတ္ပစ္ခတ္ေနၿပီး ေလယာဥ္ျဖင့္လည္း ဆက္တိုက္ ဗုံးက်ဲေနေၾကာင္း သိ႐ွိရသည္။


“အမွတ္ ၃ ရပ္ကြက္က တည္းခိုခန္းကေတာ့ လုံးဝ ပ်က္စီးသြားတယ္လို႔ သိထားပါတယ္။ ေလာေလာဆယ္ လက္နက္ႀကီးေတြနဲ႔ မေန႔ညကတည္းက ဆက္တိုက္ ပစ္ေနတာ ေလယာဥ္နဲ႔လည္း ဒီမနက္တင္ ၂ခါ ဗုံးက်ဲသြားတာ ” ဟု ထီးခ်ိဳင့္- ျပည္သူ႕ကာကြယ္ေရးမွ တာဝန္႐ွိသူက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ေျပာၾကားသည္။


အၾကမ္းဖက္စစ္တပ္၏ ေလေၾကာင္းျဖင့္ ပစ္ခတ္မႈမ်ားေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တခ်ိဳ႕ပါ ထိမွန္ ေသဆုံးမႈမ်ား႐ွိၿပီး သက္ႀကီးပိုင္း စစ္သားမ်ား ေသဆုံးၾကေၾကာင္း၊ ေလယာဥ္ျဖင့္ ရမ္းသမ္းပစ္ခတ္မႈမ်ား ျပဳလုပ္ေန၍ စစ္ေဘးေ႐ွာင္ျပည္သူမ်ားအတြက္ စိုးရိမ္ပူပန္စရာျဖစ္ေနေၾကာင္း ထီးခ်ိဳင့္ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕ထံမွ သိ႐ွိရသည္။


ထို႔ျပင္ စစ္တပ္က ထီးခ်ိဳင့္ၿမိဳ႕ထဲတြင္ ႏိုဝင္ဘာ ၉ ရက္ေန႔ ဆန္အိတ္မ်ားကို လုယက္ခဲ့ၿပီး ပိုင္႐ွင္ျဖစ္သူ အဘိုး ၁ ဦးကိုလည္း စစ္တပ္က သတ္ျဖတ္သြားေၾကာင္း သိ႐ွိရသည္။


“မေန႔က စစ္သားေတြက ဆန္အိတ္ေတြကို ခိုးထုတ္ၿပီး ပိုင္႐ွင္ အသက္ႀကီးပိုင္းအဘိုးကို သတ္သြားပါတယ္” ဟု ထီးခ်ိဳင့္- ျပည္သူ႕ကာကြယ္ေရးမွ တာဝန္႐ွိသူမွ ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ေျပာၾကားသည္။


ဓာတ္ပုံ- စစ္ကိုင္းတိုင္းတြင္ စစ္တပ္၏ မီး႐ိႈ႕ဖ်က္ဆီးမႈေၾကာင့္ ေက်း႐ြာတခ်ိဳ႕ မီးေလာင္ေနစဥ္။ (ပုံအေဟာင္းျဖစ္ပါသည္။)

ထီးချိုင့်တွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး တိုက်လေယာဉ်ဖြင့် ဗုံးများ ဆက်တိုက်ကျဲချ၊ စစ်သားတချို့ တိုက် လေယာဉ်က ပစ်ချသော ဗုံးထိမှန်၍ သေဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၁၀


စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ ၃ ရက်မြောက်အဖြစ် ဆက်လက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ဆက်လက်လုပ်ဆောင်နေကြောင်း ထီးချိုင့်- ပြည်သူ့ကာကွယ်ရေးမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၈ ရက်နေ့မှစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ထီးချိုင့်မြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် စတင်တိုက်ခိုက်ပြီး ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင်လည်း ၃ ရက်ဆက်တိုက် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ ထီးချိုင့်မြို့မှ ပြည်သူများ ပိတ်မိနေကြောင်း သိရှိရသည်။


“လေယာဉ်တွေနဲ့ ဗုံးကျဲတာ မီးရှို့နေပါတယ်။ အလွန်ဆိုးရွားနေပါတယ်။ လောလောဆယ် မြို့ထဲကျန်ခဲ့တဲ့ ပြည်သူတွေက ဘုန်းကြီးကျောင်းတွေမှာ ပုန်းရှောင်ပိတ်မိနေပါတယ်” ဟု ထီးချိုင့်- ပြည်သူ့ကာကွယ်ရေးမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။


စစ်တပ်က လက်နက်ကြီးများဖြင့် နိုဝင်ဘာ ၉ ရက်နေ့ ညပိုင်းကတည်းက လက်ရှိအချိန်အထိ အဆက်အပြတ်ပစ်ခတ်နေပြီး လေယာဉ်ဖြင့်လည်း ဆက်တိုက် ဗုံးကျဲနေကြောင်း သိရှိရသည်။


“အမှတ် ၃ ရပ်ကွက်က တည်းခိုခန်းကတော့ လုံးဝ ပျက်စီးသွားတယ်လို့ သိထားပါတယ်။ လောလောဆယ် လက်နက်ကြီးတွေနဲ့ မနေ့ညကတည်းက ဆက်တိုက် ပစ်နေတာ လေယာဉ်နဲ့လည်း ဒီမနက်တင် ၂ခါ ဗုံးကျဲသွားတာ ” ဟု ထီးချိုင့်- ပြည်သူ့ကာကွယ်ရေးမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။


အကြမ်းဖက်စစ်တပ်၏ လေကြောင်းဖြင့် ပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ပါ ထိမှန် သေဆုံးမှုများရှိပြီး သက်ကြီးပိုင်း စစ်သားများ သေဆုံးကြကြောင်း၊ လေယာဉ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေ၍ စစ်ဘေးရှောင်ပြည်သူများအတွက် စိုးရိမ်ပူပန်စရာဖြစ်နေကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရှိရသည်။


ထို့ပြင် စစ်တပ်က ထီးချိုင့်မြို့ထဲတွင် နိုဝင်ဘာ ၉ ရက်နေ့ ဆန်အိတ်များကို လုယက်ခဲ့ပြီး ပိုင်ရှင်ဖြစ်သူ အဘိုး ၁ ဦးကိုလည်း စစ်တပ်က သတ်ဖြတ်သွားကြောင်း သိရှိရသည်။


“မနေ့က စစ်သားတွေက ဆန်အိတ်တွေကို ခိုးထုတ်ပြီး ပိုင်ရှင် အသက်ကြီးပိုင်းအဘိုးကို သတ်သွားပါတယ်” ဟု ထီးချိုင့်- ပြည်သူ့ကာကွယ်ရေးမှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။


ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာတချို့ မီးလောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)